ဆစ်ဒနီ သေနတ်သမား စောင့်ကြည့်စာရင်းမှာ ရှိမနေခဲ့

  • 16 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption သေဆုံးသူ ၂ ဦးအတွက် ဝမ်းနည်းခြင်း အမှတ်တရ ပန်းစည်းတွေ ချထားစဉ်။

ဆစ်ဒနီမြို့လယ်က ကော်ဖီဆိုင်ကို တနင်္လာနေ့က ဝင်စီးထားခဲ့တဲ့ သေနတ်သမားဟာ ဘာကြောင့် စောင့်ကြည့် စာရင်းမှာ ရှိမနေခဲ့သလဲ ဆိုတာကို သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က မေးခွန်း ထုတ်လိုက်ပါတယ်။

အဲဒီ သေနတ်သမားဟာ တခြား ပြစ်မှုတွေလည်း ကျူးလွန် ထားခဲ့ပေမယ့် ဘာကြောင့် အာမခံနဲ့ လွှတ်ပေး ထားခဲ့သလဲ ဆိုတာကို ပြန်စစ်ဆေး ရမယ်လို့လည်း မစ္စတာ အက်ဘော့က ပြောပါတယ်။

ကော်ဖီဆိုင်ကို ရဲတွေ ဝင်ရောက် ရှင်းလင်းရာမှာ သေဆုံးခဲ့ရတဲ့ ဓားစာခံ ၂ ဦး အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ ဆစ်ဒနီ မြို့လယ်မှာ လူတွေက ပန်းစည်းတွေ လာရောက် ချထားခဲ့ကြပါတယ်။

သေနတ်သမား ဝင်စီးထားတဲ့ ကော်ဖီဆိုင်ကို ရဲတွေရဲ့ ဝင်ရောက် ရှင်းလင်းခဲ့မှု အပေါ် စုံစမ်း စစ်ဆေးမှု တစ်ရပ်ကိုလည်း စတင် လိုက်ပါတယ်။

အလားတူ အီရန် နိုင်ငံသား ခိုလှုံသူ ဖြစ်တဲ့ သေနတ်သမားရဲ့ အကြမ်းဖက်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးလည်း စုံစမ်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ