ဆီယာရာလီယွန်းမှာ လူနာတွေကို အိမ်ပေါက်စေ့ ရှာဖွေမယ်

  • 17 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဆီယာရာ လီယွန်းမှာ အီဘိုလာ ကူးစက်မှု အများဆုံး ဖြစ်နေ

ဆီယာရာ လီယွန်း နိုင်ငံမှာ အီဘိုလာ ကူးစက် ခံထားရသူတွေကို တစ်နိုင်ငံလုံး အနှံ့ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံ ရှာဖွေ တော့မယ်လို့ သမ္မတ အားနက်စ် ဘိုင် ခိုရိုမာ က ပြောလိုက်ပါတယ်။

ဒီလို အိမ်ပေါက်စေ့ ရှာဖွေမှုတွေကို ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလတွေနဲ့ တိုက်ဆိုင်နေချိန် နောက် သီတင်းပတ် နှစ်ပတ် အတွင်းမှာ ပြုလုပ် သွားမယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့မှာ စျေးရောင်း စျေးဝယ်တွေ မလုပ်ဖို့ တားမြစ် လိုက်သလို နိုင်ငံအတွင်း ဒေသ တစ်ခုကနေ တစ်ခုကို ခရီး မထွက်ကြဖို့လည်း ကန့်သတ်ဖို့ ရှိတယ်လို့ သမ္မတ ခိုရိုမားက ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ရဲ့ နောက်ဆုံး ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေ အရ အီဘိုလာ ကူးစက်မှုဟာ ဆီရာယာ လီယွန်း နိုင်ငံမှာ အဆိုးရွားဆုံး ဖြစ်ပေါ်နေပြီး အမှုပေါင်း ၈ ထောင်ကျော် တွေ့ရှိခဲ့ပြီး ဖြစ်ကာ လူပေါင်း ၆၈၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ