အမေရိကန် ကျူးဘား သံတမန် ပြန်ဆက်သွယ်မည်

  • 17 ဒီဇင်ဘာ 2014
ကျူးဘားအမေရိကန် သမိုင်းဝင် ဆက်ဆံရေးသစ် ကြေညာနေစဉ် ဓာတ်ပုံ မူပိုင် AP
Image caption ကျူးဘားအမေရိကန် သမိုင်းဝင် ဆက်ဆံရေးသစ် ကြေညာနေစဉ်

နှစ်ပေါင်း၅၀ကျော်ကြာ သံတမန်ဆက်ဆံရေး ရပ်ဆိုင်း ထားရာကနေ အခုတော့ အမေရိကန်နဲ့ ကျူးဘား နိုင်ငံကြား သံတမန် ဆက်ဆံရေး ပြန်လုပ်မယ့်အ စီအစဉ်တွေကို အမေရိကန် သမ္မတ အိုဘားမားနဲ့ ကျူးဘားသမ္မတ Raul Castroတို့က ကြေညာလိုက်ပါပြီ။

ဘာလင် တံတိုင်းကြီး ပြိုကျသွားကတည်းက အမေရိကန်နဲ့ ကျူးဘား ဆက်ဆံရေးသမိုင်းမှာ အခုလိုကြေညာ လိုက်တာဟာ အရေးပါဆုံး သမိုင်းဝင်နေ့ဖြစ်သွားပါတယ်။ ပထမတော့ နှစ်နိုင်ငံကြားမှာ အရေးပါတဲ့ အကျဉ်းသား လဲလှယ်တဲ့ သတင်း ထွက်လာပါတယ်။ ကျူးဘားမှာ အဖမ်းခံထားရတဲ့ အမေရိကန် ကန်ထရိုက်တာ Alan Gross လွတ်လာသလို အမေရိကန်ကို သူသျှိုလုပ်မှုနဲ့အဖမ်းခံထားရတဲ့ ကျူးဘား လုံခြုံရေး အရာရှိ ၅ယောက်အုပ်စု ထဲက လက်ကျန် ၃ယောက်လည်း ပြန်လွတ်လာပါတယ်။ နှစ်နိုင်ငံကြား မသင့်မြတ်မှုနဲ့ ယုံကြည်မှုမရှိတာကို အခုလိုအကျဉ်းသား လွှတ်ပေးလိုက်တဲ့ ကိစ္စက တင်းမာမှု လျော့စေတဲ့အဓိက ခြေလှမ်းလို့ပြောနိုင်ပါတယ်။

နာရီအနည်းငယ် အတွင်းမှာဘဲ ဟာဗားနားမှာရှိ တဲ့သမ္မတ Raul Castroနဲ့ ဝါရှင်တန်ရှိ သမ္မတအိုဘားမားတို့က သံတမန်ဆက်ဆံရေး ပုံမှန်ဖြစ်အောင်ပြန်လုပ်နေပြီလို့ လေလှိုင်းပေါ်ကနေ တပြိုင်နက် ကြေညာပါတယ်။ ကျူးဘားတော်လှန်ရေး စတဲ့အချိန်ကတည်းက ပိတ်ထားတဲသံရုံးတွေကို ပြန်ဖွင့်ဖို့ လမ်းကြောင်းအမျိုးမျိုးကနေ နောက်ကွယ်မှာ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အခုတော့ နှစ်နိုင်ငံမြို့တော်တွေမှာ သံရုံးဖွင့်ပြီး သံအမတ်တွေခန့်ထားနိုင်တော့မှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲတွေချောမွေ့အောင်ကူညီတဲ့ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကို ကျေးဇူးတင်ကြောင်း သမ္မတကက်စထရိုကပြောပါတယ်။ နိုင်ငံရေး အနေအထားနဲ့ပတ်သက်လို့တော့ နှစ်ဖက်စလုံးက သဘောထားတင်းနေတုန်း ဖြစ်ပါတယ်။ သမ္မတ ကက်စထရိုကတော့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု လူ့အခွင့်အရေး နိုင်ငံခြားရေတို့မှာ အကြီးအကျယ် ကွဲလွဲမှုတွေရှိပေမယ့် ဒီကိစ္စတွေကို ဆွေးနွေး အဖြေရှာချင်တယ်လို့ ပြောပါတယ်။

သမ္မတ အိုဘားမား ကတော့ သူ့ရဲ့ထုတ်ဖေါ်ပြောဆိုမှုကြောင့် ဘယ်ကျူးဘားမှ ထောင်မကျသင့်ဘူးလို့ဆိုပါတယ်။ ခရီးသွားလာခွင့် ငွေလွှဲခွင့်စတဲ့ကန့်သတ်ချက်တွေကို ပယ်ဖျက်စရာ အများကြီးရှိသေးပေမယ့် ကျူးဘားနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးမှာ စာမျက်နှာသစ် ဖွင့်နိုင်တာကတော့ ငြင်းလို့မရကြောင်း ဘီဘီစီသတင်းထောက် Will Grant ကသတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ