အိန္ဒိယက သူ့ရဲ့ အကြီးဆုံး ဒုံးပျံကို လွှတ်တင်

  • 18 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ပိုလေးတဲ့ ဂြိုဟ်တုတွေကို လွှတ်တင် နိုင်တော့မယ်

အိန္ဒိယ နိုင်ငံမှာ လူလိုက်ပါနိုင်တဲ့ အာကာသယာဉ် အလွတ်နဲ့အတူ သူတို့ရဲ့ အကြီးဆုံး ဒုံးပျံကို အောင်အောင် မြင်မြင် ပစ်လွှတ် နိုင်ခဲ့ပါတယ်။

တန်ချိန် ၆၃၀ လေးတဲ့ GSLV (MK III) ဆိုတဲ့ အဲဒီ ဒုံးပျံကို အိန္ဒိယ တောင်ပိုင်း အန်ဒရာ ပရာဒက်ရှ် ပြည်နယ်ကနေ ကြာသပတေးနေ့ မနက်ပိုင်းက လွှတ်တင် ခဲ့တာပါ။

အိန္ဒိယဟာ အရင် ရှိခဲ့တဲ့ ဒုံးပျံတွေနဲ့ ဂြိုဟ်တု အပေါ့စား တွေကိုသာ လွှတ်တင် နိုင်ခဲ့တာ ဖြစ်ပြီး အခုတော့ ဒီ ဒုံးပျံ အသစ်ကြောင့် ၄၀၀၀ ကီလိုဂရမ် အထိ လေးတဲ့ ဂြိုဟ်တုတွေကို နိုင်ငံခြား အကူအညီ မလိုဘဲ လွှတ်တင် နိုင်တော့မယ်လို့ ဆိုပါတယ်။

အခု ပစ်လွှတ်မှုမှာ ဒုံးပျံနဲ့အတူ လူ ၃ ဦး အထိ တင်ဆောင် နိုင်တဲ့ လူမဲ့ အာကာသယာဉ်ကို သယ်ဆောင် သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ