ဆိုနီကို အင်တာနက် တိုက်ခိုက်မှုဟာ လုံခြုံရေးအရ အရေးကြီး

  • 18 ဒီဇင်ဘာ 2014
ရုပ်ရှင်ထဲမှာ မြောက်ကိုရီးယားခေါင်းဆောင်ကို သရော်ထား ဓာတ်ပုံ မူပိုင် Sony
Image caption ရုပ်ရှင်ထဲမှာ မြောက်ကိုရီးယား ခေါင်းဆောင်ကို သရော်ထား

ဆိုနီရုပ်ရှင် လုပ်ငန်းကို အင်တာနက်ကနေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် The Interview ဆိုတဲ့ ရုပ်ရှင်ကို မပြဖြစ်တော့တဲ့ ကိစ္စဟာ အရေးကြီးတဲ့အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စလို့ အမေရိကန်သမ္မတအိုဘားမားက ပြောကြားလိုက်ပါတယ်။

ဟက်ကာတွေရဲ့ ခြိမ်းခြောက်မှုကြောင့် ရုပ်ရှင်ရုံတွေက အဲဒီဇာတ်ကားကို ဆက်မပြဝံ့လို့ ဆိုနီကရုပ်ရှင်ဖြန့်ချိဖို့လုံးဝ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်လိုက်တာဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို အတိုက်ခိုက်ခံရတာလို့ ဟောလီးဝုဒ်မှာဝေဖန်မှုတွေ ထွက်နေပါတယ်။ ဒီရုပ်ရှင်ဇာတ်လမ်းထဲမှာ သတင်းထောက်နှစ်တို့ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျွန်အမ်နဲ့ တွေ့ခွင့်ရပါတယ်။ ဒီနှစ်ယောက်ကို စီအိုင်အေ အမေရိကန်ဗဟိုထောက်လှမ်းရေး အေဂျင်စီက ကင်မ်ကို လုပ်ကြံဖို့ အသုံးပြုတဲ့ ဇာတ်လမ်းဖြစ်ပြီး ခရစ်မတ်ကာလမှာပြဖို့ လုပ်ထားတာဖြစ်ပါတယ်။

နိုဝင်ဘာလတုန်းက ဆိုနီကုမ္ပဏီရဲ့ န်ပျူတာတွေကို အတိုက်ခံရပြီး အင်တာနက်မှာ ကုပ္မဏီဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ လစာဝင်ငွေတွေပါ ဟက်ကာတွေက ဖေါက်သည်ချခဲ့ပါတယ်။ အခုလ စောစောပိုင်းတုန်းက မြောက်ကိုရီးယားက ဆိုနီကို အင်တာနက်က တိုက်ခိုက်တာသူတို့ လက်ချက်မဟုတ်ဘူးလို့ ငြင်းလိုက်ပေမယ့် အခုလို လုပ်တာဟာ မှန်ကန်တဲ့လုပ်ရပ်အဖြစ် ချီးကျူးလိုက်ပါတယ်။ မြောက်ကိုရီးယားကို လိုလားထောက်ခံသူ ကမ္ဘာတလွှားမှာ အများကြီး ရှိပြီးသူတို့လက်ချက်လည်း ဖြစ်နိုင်တယ်လို့ အမေရိကန်ကို မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားအစိုးရသတင်းမှာ ဆိုနီရုပ်ရှင်ကုမ္ပဏီဟာ အကြမ်းဖက်မှုလုပ်ရပ်ကို အားပေးပြီး ဒီရုပ်ရှင်က မြောက်ကိုရီးယား ခေါင်းဆောင်ကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ဝေဖန်ပါတယ်။ အခုအခါ အင်တာနက်ကနေ တိုက်ခိုက်မှုကို အရေးကြီးကိစ္စအဖြစ် တရားရေးဌာနဲ့ အက်ဖ်ဘီအိုင် စုံးစမ်းစစ်ဆေး ရေးဌာနတို့ကနေ စုံစမ်းနေပါတယ်။ ဒီကိစ္စဟာ ဒေတာ အချက်အလက် လုံခြုံရေးမှာ ကုမ္ပဏီကြီးတွေဘယ်လို ကာကွယ်မလဲဆိုတာ ပြင်ဆင်ဖို့ သတိပေး တပ်လှန့်လိုက်သလို ဖြစ်နေပြီလို့ လော့အင်ဂျလိရှိ ဘီဘီစီ သတင်းထောက် အယ်လ်က်တာ လိဟက်က ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ