အမေရိကန်နဲ့ ကျူးဘားကို ကမ္ဘာ့ ခေါင်းဆောင်တွေ ချီးကျူး

  • 18 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ကျူးဘား သူလျှို ၃ ယောက် လွတ်မြောက်လာမှုကို ဟားဗားနား မြို့မှာ အောင်ပွဲခံနေကြစဉ်

အမေရိကန် ပြည်ထောင်စုနဲ့ ကျူးဘား နှစ်နိုင်ငံကြား နှစ်ပေါင်း ၅၀ ကျော်ကြာ ရန်သူ ဖြစ်ခဲ့တာတွေ အဆုံးသတ်ပြီး သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်ဖို့ သဘောတူ ခဲ့တာကို ကမ္ဘာ့ ခေါင်းဆောင်တွေက ကြိုဆို ခဲ့ကြပါတယ်။

အာဂျင်တီးနား နိုင်ငံမှာ ကျင်းပတဲ့ လက်တင် အာဖရိက နိုင်ငံများ ထိပ်သီး ဆွေးနွေးပွဲမှာ ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ ပီရူး သမ္မတတွေ အားလုံးက အမေရိကန် သမ္မတ အိုဘားမားနဲ့ ကျူးဘား သမ္မတ Castro တို့ နှစ်ဦး သမိုင်းဝင် ဆုံးဖြတ်ချက် ချခဲ့ကြတဲ့ သတ္တိကို ချီးကျူး ပြောဆို ခဲ့ကြပါတယ်။

ဥရောပ မှာတော့ ဂျာမနီနဲ့ စပိန် နိုင်ငံခြားရေး ဝန်ကြီးတွေက ဒါကို ထူးခြားတဲ့ တိုးတက်မှု အဖြစ် ပြောဆိုခဲ့ကြပါတယ်။

ဒါပေမယ့် အမေရိကန် ပြည်ထောင်စုက ရီပတ်ဘလစ်ကန် ပါတီ ဆီးနိတ် လွှတ်တော် အမတ်တွေကတော့ ဒါဟာ အမေရိကန် ဘက်က ရပ်တည်ချက်ကို နောက်ဆုတ် ပေးလိုက်ရတာ ဖြစ်တယ်လို့ ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ