ဒဏ်ခတ်မှု ထပ်မလုပ်ဖို့ အမေရိကန်ကို ရုရှား သတိပေး

  • 19 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ လက်ရော့ဗ်က မစ္စတာ ကယ်ရီကို သတိပေးခဲ့

အမေရိကန် ပြည်ထောင်စုကနေ ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ချမှတ်မယ် ဆိုရင် အမေရိကန်နဲ့ ရုရှား တို့ရဲ့ ရေရှည် ဆက်ဆံရေးကို ထိခိုက် ပျက်ပြား စေနိုင်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ရော့ဗ်က သတိပေး လိုက်ပါတယ်။

မစ္စတာ လက်ရိုဗ့်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အခုလို သတိပေး စကား ပြောကြား ခဲ့တာပါ။

အမေရိကန်နဲ့ အီးယူ ဥရောပ သမဂ္ဂ တို့ရဲ့ ရုရှား အပေါ် ပိတ်ဆို့ အရေးယူမှု တွေနဲ့အတူ ရေနံစျေးတွေ ထိုးကျ သွားခဲ့တာကြောင့် ရုရှားရဲ့ ရူဘယ်ငွေ တန်ဖိုး ကျသွားပြီး စီးပွားရေး ကျဆင်းမှုနဲ့ စတင် ရင်ဆိုင် နေရပါတယ်။

ဥရောပ ကောင်စီရဲ့ ဥက္ကဋ္ဌသစ် ဒေါ်နယ် တက်စ်ခ် က ဘရပ်ဆဲလ် မြို့မှာ ပြုလုပ်တဲ့ အီးယူ ထိပ်သီး အစည်းအဝေးမှာ ပထမဆုံး မိန့်ခွန်းပြောရာမှာ ရုရှား အပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လျော့နည်း သွားမှာ မဟုတ်တဲ့အပြင် ဒဏ်ခတ်မှု အသစ်တွေလည်း အခု သီတင်းပတ် အကုန်မှာ ထပ်မံ သက်ရောက်ဖို့ ရှိကြောင်း ရုရှားကို သတိပေး ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ