ဂါ​ဇာ​မှာ အစ္စရေး​ရဲ့ လေ​ကြောင်း တိုက်ခိုက်​မှု ပြန်လည် စ​တင်

  • 20 ဒီဇင်ဘာ 2014
israel ဓာတ်ပုံ မူပိုင် Getty
Image caption ဟားမတ်စ် အဖွဲ့ရဲ့ ပစ်မှတ်တွေကို ဦးတည် ပစ်ခတ်ခဲ့ကြောင်း အစ္စရေး ပြော။

ဂါဇာ ကမ်းမြှောင် ဒေသမှာ အစ္စရေး က လေကြောင်း တိုက်ခိုက်မှု တွေ လုပ်ဆောင် ခဲ့တယ် ဆိုပြီး သိရပါတယ်။ သောကြာနေ့က ဂါဇာ ဘက်ကနေ ဒုံးကျည် တွေ ပစ်လွှတ်ခဲ့ လို့ လက်တုန့် ပြန်တာဆိုပြီး အစ္စရေးက ဆိုပါတယ်။

ဂါဇာမှာ ရှိတဲ့ ဟားမတ်စ် အုပ်စုရဲ့ အခြေခံ အဆောက် အဦတွေကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး ဌာန ရဲ့ ပြောခွင့်ရ ဒုဗိုလ်မှုးကြီး ပီတာ လားနား က ပြောပါတယ်။

ဒါဟာ ဩဂုတ်လ နောက်ပိုင်း အစ္စရေးက ဂါဇာမှာ ပြန်ပြီး စစ်ရေးအရ အရေးယူမှု တွေ လုပ်ဆောင် လာပြန်တာ ဖြစ်ပါတယ်။

ကျယ်လောင်တဲ့ ပေါက်ကွဲသံ ၂ ခု ကြားခဲ့ရတယ် ဆိုပြီး ဂါဇာ ဒေသခံတွေ က ပြောနေသလို၊ အခု တိုက်ခိုက်မှု အတွင်း အသေအပျောက် မရှိဘူး ဆိုပြီး ဂါဇာ အာဏာပိုင် တွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ