The Interview ကို ရုံ​မ​တင်​ဖို့ ဆို​နီ​ရဲ့ အဆုံးအဖြတ်​ကို သမ္မတ ဝေ​ဖန်

  • 20 ဒီဇင်ဘာ 2014
obama ဓာတ်ပုံ မူပိုင် AP
Image caption ဆိုက်ဘာတိုက်ခိုက်မှု လုပ်သူတွေ အပေါ် တုန့်ပြန် သွားမယ်။

အမေရိကန် သမ္မတ အိုဘားမား ရဲ့ နှစ်ချူပ် မိန့်ခွန်းထဲ မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံ အန်း ကို လှောင်ပြောင် သရော်တဲ့ ရုပ်ရှင် ရုံ မတင်တော့ဘူး ဆိုတဲ့ ဆိုနီ ကုမ္ပဏီ ရဲ့ ဆုံးဖြတ်ချက် အပေါ် အမှားအယွင်း တစ်ရပ် ပဲ ဆိုပြီး ဝေဖန် လိုက်ပါတယ်။

ဆိုနီ ကုမ္ပဏီ ကြုံတွေ့နေရတဲ့ အခက်အခဲ အခြေအနေကို၊ နားလည် ပေးနိုင်ပေမယ့်၊ ဟက်ကာတွေရဲ့ ခြိမ်းခြောက်မှုကို စိုးရွံ့မယ့် အစား၊ သူနဲ့ ဖွင့်ဟ တိုင်ပင် သင့်တယ် ဆိုပြီး သမ္မတ အိုဘားမားက ပြောပါတယ်။

အဲဒီ့ The Interview ဆိုတဲ့ ရုပ်ရှင်ကြောင့် ဆိုနီရဲ့ ကွန်ပြူတာ စံနစ်၊ ဟက်ကာတွေ ရဲ့ အတိုက်အခိုက် ခံခဲ့ ရပါတယ်။

ဆိုနီ ကုမ္ပဏီရဲ့ ကွန်ပြူတာ စံနစ်ကို ထွင်းဖောက်ပြီး ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ လက်သည်ဟာ မြောက်ကိုရီးယား ဖြစ်တယ် ဆိုပြီး အမေရိကန် ထောက်လှမ်းရေး FBI က အတည်ပြုခဲ့ပါတယ်။

ဒီ ရာဇဝတ်မှု အပေါ် ဘယ်လို တုန့်ပြန် အရေးယူ ဆောင်ရွက်ရမလဲ ဆိုတဲ့ နည်းလမ်း အသွယ်သွယ် ကို စဉ်းစားသွားမယ် ဆိုပြီးတော့ လည်း သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

ဆိုနီ အပေါ် ပြုလုပ်ခဲ့တဲ့ ဆိုက်ဘာ တိုက်ခိုက်မှု မှာ မြောက်ကိုရီးယား ပါဝင် ပတ်သက်မှု မရှိဘူး ဆိုပြီး ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ် ကတော့ ငြင်းဆန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ