ဆိုနီ ဖောက်ထွင်းမှု ပူးတွဲစစ်ဖို့ မြောက်ကိုရီးယား ကမ်းလှမ်း

sony ဓာတ်ပုံ မူပိုင် b
Image caption ဆိုနီကို တန်ပြန် ရိုက်ခတ်မယ်လို့ သတိပေးခဲ့

ဆိုနီ ရုပ်ရှင် လုပ်ငန်းကို အင်တာနက် ဖောက်ထွင်း တိုက်ခိုက်မှု ကို ပူးတွဲ စစ်ဆေးဖို့ မြောက်ကိုရီးယား က အမေရိကန် အစိုးရ ကို ကမ်းလှမ်း လိုက်ပါတယ်။

ဒီတိုက်ခိုက်မှု နောက်မှာ မြောက်ကိုရီးယား အစိုးရ ပါတယ်လို့ FBI ရဲ့ စွပ်စွဲချက်ဟာ မှားယွင်း စွပ်စွဲချက် သာ ဖြစ်တယ်လို့ လည်း မြောက်ကိုရီးယား က တုံ့ပြန်ပါတယ်။

အမေရိကန်က ဒီကမ်းလှမ်းချက်ကို လက်မခံရင် ဆိုးရွားတဲ့ အကျိုးဆက် တွေ ရင်ဆိုင် ရလိမ့်မယ်လို့ အမည် မဖော်တဲ့ နိုင်ငံခြားရေး အရာရှိ တယောက် ကို ကိုးကားပြီး မြောက်ကိုရီးယား အစိုးရ သတင်း ဌာန က ဖော်ပြ ခဲ့ပါတယ်။

အရင်ကတော့ ဆိုနီ ကုမ္ပဏီကို ဖောက်ထွင်းမှု ကို မှန်ကန်တဲ့ လုပ်ရပ် အဖြစ် မြောက်ကိုရီးယား က ချီးကျူး ကြိုဆို ခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-un ကို လုပ်ကြံတယ် ဆိုတဲ့ ဟာသကား ကို ဆက်ပြီး ထုတ်လွှင့်မယ် ဆိုရင် ဆိုနီ ကုမ္ပဏီ အတွက် တန်ပြန် ရိုက်ခတ်မှုတွေ လာလိမ့်မယ် လို့လည်း သတိပေး ခဲ့ပါတယ်။

ဒီဖောက်ထွင်းမှု ကို အမေရိကန် ဘက်က အချိန်နဲ့ တုံ့ပြန် ဆောင်ရွက်သွားမယ် လို့ သမ္မတ အိုဘားမားက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ