န​ယူး​ယောက် ရဲ​၂​ဦး အသတ် ခံ​ခဲ့​ရ​တဲ့ အပေါ် လူ​အများ ရှုတ်ချ​နေ

  • 21 ဒီဇင်ဘာ 2014
_liuwenjin_raphael_ramos_ ဓာတ်ပုံ မူပိုင် Reuters
Image caption သေဆုံး သွားကြရတဲ့ ရဲ ၂ ဦးဟာ အာရှနဲ့ စပိန် အနွယ် တွေ ဖြစ်ပါတယ်။

နယူးယောက်မြို့ မှာ စနေနေ့က ဖြစ်ခဲ့တဲ့ ပတ္တရောင် ရဲကားထဲ ရဲအမှုထမ်း ၂ ဦး သေနတ်နဲ့ ပစ်သတ် ခံခဲ့ရတဲ့ အဖြစ်အပျက် အပေါ် လူအများက ရှုတ်ချ နေကြပါတယ်။ လူမည်း သေနတ်သမား Ismaaiyl Brinsley ဟာ အဲဒီအမှုကို မကျူးလွန်ခင် သူ့ ဘာလုပ်တော့မယ် ဆိုတာကို အွန်လိုင်း ပေါ်မှာ ကြိုတင် ဖော်ပြခဲ့တယ် ဆိုပြီး အာဏာပိုင် တွေက ပြောပါတယ်။

မှောင်ခို စီးကရက် ရောင်းလို့ ရဲတွေက ဖမ်းဖို့ ကြိုးစားရင်း သေနတ်နဲ့ပ စ်သတ် ခံခဲ့ရတဲ့ လူမည်း အမျိုးသား အဲရစ်ဂါနာ အတွက် လက်စား ချေမယ့် အကြောင်း အဲဒီ့ သေနတ်သမား က ပြောထားတယ် လို့ ဆိုပါတယ်။

နိုင်ငံသား အခွင့်အရေး လှုပ်ရှားသူ အယ်လ် ရှပ်တန်ကတော့ ရဲတွေရဲ့ ဥပဒေနဲ့ မညီတဲ့ ကျူးလွန်မှု တွေကို အခုလို လက်စားချေတဲ့ ပုံစံမျိုးနဲ့ မဖြေရှင်းနိုင်ဘူး ဆိုပြီး ပြောပါတယ်။

အသတ် ခံခဲ့ရတဲ့ နယူးယောက် ရဲ ၂ ဦးဟာ အာရှနဲ့ စပိန် အနွယ်တွေ ဖြစ်ကြပါတယ်။

ရဲ ၂ ဦးကို သေနတ်နဲ့ ပစ်ခဲ့ အပြီး အဲဒီ့ သေနတ်သမား Ismaaiyl Brinsley လည်း သူ့ကိုယ်သူ သတ်သေ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ