ဆိုနီ ရုပ်ရှင် ခရစ္စမတ် နေ့ ရုံတင်မယ်

  • 23 ဒီဇင်ဘာ 2014
sony ဓာတ်ပုံ မူပိုင် Sony
Image caption မြောက်ကိုရီးယား ခေါင်းဆောင် ကို လှောင်ပြောင်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံ အန်း ကို လုပ်ကြံ တယ် ဆိုပြီး ဇာတ်လမ်း ဆင် ရိုက်ကူးတဲ့ ဟာသ ရုပ်ရှင်ကား အင်တာဗျူး ကို ခရစ္စမတ် နေ့ မှာ အမေရိကန် ရုပ်ရှင် ရုံ တချို့ မှာ ကန့်သတ်ပြီး ရုံတင်မယ် လို့ ဆိုနီ ရုပ်ရှင် ကုမ္ပဏီ က ကြေညာ လိုက် ပါတယ်။

ဆိုနီ ကုမ္ပဏီရဲ့ ဒီကြေညာချက်ကို သမ္မတ အိုဘားမားက ကြိုဆို လိုက်ပါတယ်။

စောစောပိုင်း ကတော့ အင်တာနက် တိုက်ခိုက်မှုကြောင့် ဒီရုပ်ရှင် ပြဖို့ အစီအစဉ် ရုပ်သိမ်း ခဲ့တာ ကို အိုဘားမား က ဝေဖန် ခဲ့ပါတယ်။

တိုက်ခိုက်မှု ကို လက်တုံ့ပြန် သွားမယ် လို့ သူက ပြောဆိုပြီး မြောက်ကိုရီးယား အစိုးရကို အမေရိကန်က ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်။

အဲဒိနောက် မြောက်ကိုရီးယား အင်တာနက် လုံးဝ ပြတ်တောက်သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ