နေတိုးအဖွဲ့ဝင် ဖြစ်ရေး ယူကရိန်း ကြိုးစားမယ်

  • 23 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် EPA
Image caption အခုလို စဉ်းစား ချက်ဟာ ရုရှား အတွက် အထူး စိုးရိမ် မှုတွေ ဖြစ်စေ ခဲ့

ယူကရိန်း အနေနဲ့ နေတိုး အဖွဲ့နဲ့ ကြားနေ ရေးဆိုတဲ့ ရပ်တည်ချက် အနေ အထားကို ယူကရိန်း ပါလီမန်က မဲခွဲ ပယ်ချ လိုက်ပြီး အဖွဲ့ဝင် ဖြစ်ရေး အတွက် ဦးတည် လုပ်ဆောင် ဖို့ကို အတည်ပြု လိုက် ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂီ လက်ရို့ဗ် ကတော့ ဒီခြေလှမ်းဟာ အကျိုး ရှိစေမှာ မဟုတ်ဘူးလို့ ပြောကြား လိုက်ပြီး တင်းမာမှုတွေ ဖြစ်စေ လိမ့်မယ်လို့ ဆိုပါတယ်။

ယူကရိန်း အနေနဲ့ ကတော့ ရှေ့လာမယ့် မကြာခင် အနာဂတ် အတွင်း နေတိုး အဖွဲ့မှာ ပါဝင်ဖို့ ဆိုတာတော့ မဖြစ်နိုင် သေးဘူးလို့ မော်စကို ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့် လို့ အခုလို စဉ်းစား ချက်ဟာ ရုရှားအတွက် အထူး စိုးရိမ် မှုတွေ ဖြစ်စေ ခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်း အနေနဲ့ နေတိုး အဖွဲ့ဝင် ဖြစ်ဖို့ ဆိုရင် သူတို့ရဲ့ နယ်မြောတွေ အကုန်လုံးကို ပြန်လည် ထိန်းချုပ် ထားနိုင် ရမှာ ဖြစ်ပါတယ်။

အခု အချိန် မှာတော့ ယူကရိန်း နိုင်ငံ အရှေ့ ဘက် ဒေသ တွေကို ရုရှား လိုလားတဲ့ ခွဲထွက်ရေး သမား တွေက ထိန်းချုပ် ထားဆဲ ဖြစ်ပါတယ်။

အဲဒီ အထဲမှာ ခရိုင်မီးယား ဒေသ ကိုတော့ ရုရှားတို့က ခွဲထုတ် ယူသွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ