အာသံ တိုက်ခိုက်မှု လူ ၆၀ ထက်မနည်း သေဆုံး

  • 24 ဒီဇင်ဘာ 2014
Image caption ဒါဇင်နဲ့ ချီတဲ့ ရွာသူ ရွာသား တွေလည်း ဒဏ်ရာ ရရှိ သွား ခဲ့ပါတယ်

အိန္ဒိယ အရှေ့ မြောက်ပိုင်း ပြည်နယ် ဖြစ်တဲ့ အာသံ မှာ၊ ခွဲထွက်ရေး သူပုန်တွေ လက်ချက်နဲ့ အနည်းဆုံး လူ အယောက် ၆၀ သေဆုံး ခဲ့ရတယ် လို့ အိန္ဒိယ အာဏာပိုင် တွေက ပြောပါတယ်။

အာသံမှာ အိန္ဒိယ စစ်တပ်နဲ့ တိုက်ခိုက် နေကြတဲ့ ခွဲထွက်ရေး လှုပ်ရှား မှုတွေ ရှိပြီး၊ အခု ဒီ တိုက်ခိုက်မှု ကတော့ အာသံ က ဆိုနစ်ထ်ပူးရ် နဲ့ ကိုခရာဂျာ ဒေသ ထဲက၊ ရွာတွေမှာ ဖြစ်ခဲ့တာ လို့ အဲဒီ့က ရဲတွေရဲ့ အဆို အရ သိရပါတယ်။

မျက်မြင် တွေရဲ့ ပြောပြချက် အရတော့၊ သူတို့ရဲ့ တဲတွေ ထဲမှာ အိပ်မော ကျနေ ကြတဲ့ ရွာသား တွေ၊ ဆွဲထုတ် ခံခဲ့ ရပြီး၊ အနီးကပ် ပစ်သတ် ခံခဲ့ရတာ လို့ ဆိုပါတယ်။

အခု ဖြစ် ခဲ့တဲ့ ရွာတွေဟာ၊ အာသံ ဒေသ အတွင်းပိုင်း ထဲက ရွာတွေပါ။ အခုလို တိုက်ခိုက်မှု ကျူးလွန် သူတွေကို အိန္ဒိယ အစိုးရက ပြင်းပြင်း ထန်ထန် ရှုတ်ကြ ပါတယ်။

အခုဆို အခင်း ဖြစ်ရာ ဒေသ တွေမှာ မျိုးနွယ်စုတွေ အကြား လက်တုံ့ပြန် တိုက်ခိုက် မှုတွေ ဖြစ်လာမှာ စိုးရိမ်ရတဲ့ အတွက်၊ ညမထွက်ရ ကာဖျူး အမိန့် လည်း ထုတ်ပြန် လိုက်ပါတယ်။

အိန္ဒိယ ရဲတွေ ကတော့ လက်သယ် အနေနဲ့ NDFB လို့ ခေါ်တဲ့ ဘိုဒို နယ်မြေ အမျိုးသား ဒီမိုကရက်တစ် တပ်ဦး ဆိုတဲ့ အဖွဲ့ ကို စွပ်စွဲ ထားပါတယ်။

အဲဒီ့ သီးသန့် ဒေသ ထူထောင် လိုတဲ့ အဖွဲ့ဟာ၊ ဒေသ တွင်းက၊ မွတ်ဆလင် အခြေကျ နေထိုင် သူတွေနဲ့ အခြား မျိုးနွယ်စုတွေ အပေါ် ပစ်မှတ် ထား တိုက်ခိုက် ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ ပါတယ်။

အခုနှစ် အစောပိုင်း ကလည်း အကြမ်းဖက် တိုက်ခိုက် မှုတွေ ဖြစ်ပေါ် ခဲ့တဲ့ အတွက်၊ မွတ်ဆလင်တွေ အယောက် ၃၀ ကျော် သေဆုံး ခဲ့ပြီး၊ ထောင်နဲ့ ချီတဲ့ လူတွေလည်း၊ အိုးအိမ် တွေ စွန့် ထွက်ပြေး ခဲ့ကြရ ပါတယ်။

အခု ကျူးလွန် သူတွေကို အလွတ် မပေးဘူး ဆိုပြီး အာသံ ပြည်နယ် ဝန်ကြီးချူပ် ကတော့ ပြောထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ