ခရစ္စမတ် ဆုတောင်းပွဲတွေ ကျင်းပ

  • 24 ဒီဇင်ဘာ 2014
 Bethlehem
Image caption ခရစ်ယာန် တွေ အထွတ်အမြတ် ထားတဲ့ Bethlehem

ယေရှု ခရစ်တော် ဖွားတော်မူတဲ့ ဒေသလို့ ခရစ်ယာန် ဘာသာဝင်တွေ အထွတ်အမြတ် ထားကြတဲ့ Bethlehem မြို့ကို ကမ္ဘာ အရပ်ရပ်က ဘုရားဖူးတွေ စုဝေး ဝတ်ပြုဖို့ ရောက်ရှိ လာကြပါတယ်။

ညသန်းခေါင် ဆုတောင်းပွဲ မတိုင်ခင် မှာတော့ သိမ်းပိုက် ထားတဲ့ အနောက်ဘက် ကမ်း Manger ရင်ပြင်က ခရစ္စမတ် သစ်ပင်ကြီး နံဘေးမှာ ခရီးသွားတွေ စုဝေး ခဲ့ကြပါတယ်။

ဒီနှစ် အရှေ့အလယ်ပိုင်းက ခရစ်ယာန် ဘာသာဝင် တွေ အတွက် ဘေးဒုက္ခ တွေ များပေမယ့် ခရစ္စမတ် ရက်မှာတော့ အနားရ ကြတယ်လို့ သတင်းထောက် တွေက ဆိုပါတယ်။

ပုပ်ရဟန်းမင်း ဖုန်းဆက် အားပေး

ဓာတ်ပုံ မူပိုင် AFP
Image caption ထောင်သောင်း ချီတဲ့ လူနည်းစုတွေ IS လက်က ထွက်ပြေး

ဒီအချိန်မှာပဲ အီရတ် နိုင်ငံက ခရစ်ယာန် ဘာသာဝင် တွေကို အားပေး စောင့်ရှောက်တဲ့ အနေနဲ့ ပုပ်ရဟန်းမင်း ဖရန်ဆစ်က ကာဒစ်စတန်နယ်က ဒုက္ခသည် တွေဆီ ဖုန်းဆက် ခဲ့ပါတယ်။

အီတလီ ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ ဒီဖုန်းဆက် စကားပြောခန်းမှာ ပုပ်ရဟန်းမင်း က သူတို့အတွက် ဆုတောင်းပေးနေကြောင်း ဒေသခံ ဘုန်းကြီးတပါးကို မိန့်ကြား ခဲ့ပါတယ်။

အစ္စလာမ္မစ် နိုင်ငံတပ် ထိုးစစ်တွေ အတွင်း ထောင်သောင်း ချီတဲ့ ခရစ်ယာန် ဘာသာဝင် တွေနဲ့ လူနည်းစုတွေ ကာ့ဒ် လူမျိုးစု တပ်တွေ ရှိတဲ့ ဒေသတွေကို ထွက်ပြေး ခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ