မြောက်ကိုရီးယားကို လှောင်တဲ့ ဟာသကား စဖြန့်

  • 24 ဒီဇင်ဘာ 2014
sony ဓာတ်ပုံ မူပိုင် Reuters
Image caption Interview ရုပ်ရှင်ရုံ တွေမှာ ပြဖို့ ကြေညာ

မြောက်ကိုရီးယား ခေါင်းဆောင် ကို လုပ်ကြံတယ် ဆိုပြီး ဇာတ်လမ်းဆင် ရိုက်ကူးတဲ့ ဟာသကား ကို အမေရိကန် ပြည်ထောင်စု မှာ အင်တာနက် က စတင် ကြည့်ရှု နိုင်ပြီလို့ ဆိုနီ ရုပ်ရှင်က ပြောကြား လိုက်ပါတယ်။

Interview ရုပ်ရှင် ဇာတ်ကား ကို အင်တာနက်ကနေ လူများများ ကြည့်လို့ရအောင် ဒစ်ဂျစ်တယ် နည်းပညာနဲ့ ဖြန့်ချိ ဖို့ ဆုံးဖြတ် လိုက်တယ်လို့ ဆိုနီ ကုမ္ပဏီက ပြောပါတယ်။

အနည်းဆုံး အမေရိကန် ရုပ်ရှင်ရုံ ၂ဝဝ မှာ ဒီကား ပြမယ်လို့ ဆိုနီက အင်္ဂါ နေ့က ကြေညာ ခဲ့ပါတယ်။

ဆိုင်ဘာ လူဆိုး တွေက သူတို့ကို ပါးစပ်ပိတ် ကြောက်ရွံ့အောင် လုပ်မထားနိုင်တာကို ဂုဏ်ယူတယ်လို့ ဆိုနီ ရုပ်ရှင် အကြီးအကဲ က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ