ကိုရီးယား လေကြောင်း အမှုဆောင်ဟောင်းကို ဖမ်းဖို့ပြင်

  • 24 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ချိုဟျွန်အား က သူ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့

လေယာဉ်ပေါ်မှာ သစ်သီးဆံ ကို ပန်းကန် နဲ့မထည့်ဘဲ အိတ်နဲ့ပေးလို့ ဆိုပြီး ပြဿနာ ဖြစ်ခဲ့တဲ့ ကိုရီးယား လေကြောင်းလိုင်း အမှုဆောင် အရာရှိဟောင်း ကို ဖမ်းဝရမ်း ထုတ်ဖို့ တောင်ကိုရီးယား အစိုးရ ရှေ့နေတွေက စီစဉ်နေပါတယ်။

ကိုရီးယား လေကြောင်းလိုင်း အမှုဆောင် အရာရှိချုပ် ရဲ့သမီးဖြစ်တဲ့ ချိုဟျွန်အား ကို လေကြောင်း လုံခြုံရေး ဆိုင်ရာ စည်းမျဉ်း ချိုးဖောက်မှု အတွက် တရား စွဲဆို ကောင်း စွဲဆိုမှာ ဖြစ်ပါတယ်။

မက်ကာဒါးမီးယား သစ်စေ့ တွေကို အိတ်နဲ့ ပေးခဲ့တဲ့ လေယာဉ်ဝန်ထမ်း တဦးကို မစ္စချိုဟျွန်အား က သူ့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူး ဆိုပြီး လေယာဉ်ကို နောက်ကြောင်း ပြန်လှည့်ပြီး ဆင်းခိုင်းခဲ့တဲ့ ခုလ အစော ပိုင်းတုန်းက အဖြစ်အပျက်ကြောင့် ဖမ်းဝရမ်း ထုတ်ဖို့ အဆင့်အထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

မစ္စ ချိုဟျွန်အား က လေယာဉ် ဝန်ထမ်းအဖွဲ့ခေါင်းဆောင် လေယာဉ်မောင် ကိုလည်း ဒူးထောက်ပြီး တောင်းပန်ခိုင်း ခဲ့ပါတယ်။

ဒီလို လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ကိုရီးယားလူထု ကြားမှာ အမျက် ဒေါသတွေ ထွက်ခဲ့ ကြပါတယ်။

မစ္စချိုဟျွန်အား က ဒီကိစ္စနဲ့ ပတ်သက်လို့ လူသိရှင်ကြား ဝန်ချတောင်းပန် ခဲ့ပြီး လေကြောင်းလိုင်း အမှုဆောင်အရာရှိ တာဝန်ကနေလည်း နှုတ်ထွက်ခဲ့ပါတယ်။