ပုပ်ရဟန်းမင်းရဲ့ ခရစ္စမတ် မိန့်ခွန်း

  • 25 ဒီဇင်ဘာ 2014
pope ဓာတ်ပုံ မူပိုင် AP
Image caption ခရစ္စမတ်ဟာ မျှော်လင့်ချက်တွေ ယူလာပါစေ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရဲ့ ခရစ္စမတ် မိန့်ခွန်းထဲမှာ ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ လူနည်းစုတွေကို ရက်ရက် စက်စက်သတ်ဖြတ်တာကို ရှုတ်ချကြောင်း ပြောဆိုခဲ့ပါတယ်။

အီရတ်ဆီးရီးယားတို့မှာ ပဋိပက္ခဖြစ်ပွားမှုတွေကြောင့် ကာလရှည်ကြာ ဒုက္ခခံစားနေကြရတဲ့ ညီအစ်ကို မောင်နှမတွေကို ကယ်တင်စောင့်ရှောက်ပေးဖို့ ဘုရားရှင်ထံ ဆုတောင်းပါတယ်။ ခရစ္စမတ်ဟာ သူတို့အတွက် မျှော်လင့်ချက်တွေကို ယူဆောင်လာပါစေလို့လည်း သူကပြောပါတယ်။

ရောမမြို့ စိန့်ပီတာ ရင်ပြင်မှာ ပြုလုပ်တဲ့ အဲဒီဟောပြောပွဲမှာ လူပေါင်း သောင်းချီတက်ရောက်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ဒုတိယမြောက် ခရစ္စမတ်မိန့်ခွန်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ပါကစ္စတန်မှာ ကျောင်းသားငယ် တရာ့လေးဆယ်နဲ့ ဆရာဆရာမတွေကို သတ်ဖြတ်ခဲ့တဲ့ တာလီဘန်သူပုန်တွေရဲ့ တိုက်ခိုက်မှုကို ရှုတ်ချကြောင်းလည်း မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ ပါတယ်။

ဒါ့အပြင် အီဘိုလာ ကူးစက်ရောဂါ ကပ်ဘေးကြီးအတွင်းမှာ ရောဂါသည်တွေကို ကူညီခဲ့သူတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။