မ​ထင်မှတ်​ဆုံး နေရာ​တွေ​မှာ​တောင် မျှော်​လင့်​ချက် ဆို​တာ ရှိ​တယ်

  • 25 ဒီဇင်ဘာ 2014
queen_christmas_speech ဓာတ်ပုံ မူပိုင် PA
Image caption ငြိမ်းချမ်းရေး လိုလားမှုနဲ့ စိတ်ကောင်း စေတနာ ဆိုတာ လူတိုင်းရဲ့ နှလုံးသားထဲမှာ နေရာ အများစု ယူထား နိုင်တယ် လို့ ဘုရင်မကြီး ပြော။

ဗြိတိန် ဘုရင်မကြီး Queen Elizabeth ရဲ့ နှစ်စဉ် ပြုလုပ် နေကြ ဖြစ်တဲ့ ခရစ်မတ်စ် အခါသမယ ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ မတူညီသော ဆန့်ကျင်ဘက် အခြမ်းက လူတွေ ရင်ကြားစေ့ ပေါင်းစည်း နိုင်ဖို့ လိုအပ်တဲ့ အကြောင်း အသားပေး ပြောဆို ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က အဖြစ်အပျက် တစ်ခု ဖြစ်တဲ့ ပထမ ကမ္ဘာစစ် အတွင်း၁၉၁၄ ခရစ်မတ်စ်နေ့ အခါသမယမှာ နှစ်ဘက် တိုက်ခိုက် နေတဲ့ စစ်သားတွေ အပစ် ရပ်ထား ခဲ့ကြ တာကို ရည်ညွှန်းပြီး ဘုရင်မကြီး က ပြောဆို သွားတာ ဖြစ်ပါတယ်။

မထင်မှတ် ထားဆုံး နေရာမျိုးတွေမှာ ပင်လျှင် မျှော်လင့်ချက် ဆိုတာ ရှိတတ်တဲ့ အကြောင်း အဲဒီ့ အဖြစ်အပျက်က သတိပေးနေတယ် ဆိုပြီး ဘုရင်မကြီးက ဆိုပါတယ်။

စစ်မက် ဖြစ်ပွားနေတဲ့ ပဋိပက္ခ ဒေသတွေ ကို သွားပြီး ဒုက္ခသည် တွေကို ကူညီ နေကြသူတွေ၊ အီဘိုလာ ရောဂါသည် တွေကို စောင့်ရှောက် နေသူတွေ ရဲ့ ကိုယ်ကျိုး စွန့်မှု အတွက်လည်း အင်မတန် ဂုဏ်ယူ ခံစား ရပါကြောင်း ဘုရင်မကြီးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ