အာဖရိက သမဂ္ဂရုံး အတိုက်ခိုက်ခံရ

  • 25 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters

ဆိုမာလီယားမြို့တော် မိုဂါဒစ်ရှူး မှာရှိတဲ့ အာဖရိက သမဂ္ဂရဲ့ အဓိက အခြေခံဌာနကို အတိုက်ခိုက်ခံခဲ့ရပါတယ်။

လေဆိပ်အနီးမှာရှိတဲ့ အဲဒီအာဖရိကသမဂ္ဂ စခန်းခြံဝင်းထဲမှာ သေနတ်သံပေါက်ကွဲသံတွေ ကြားခဲ့ကြရတယ်လို့ သတင်း ရရှိပါတယ်။

အယ်လ်ရှာဘတ် အစ္စလာမ် တက်ကြွသူအဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူက သူတို့တပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ အာဖရိက သမဂ္ဂရဲ့ စစ်သား ၃ ယောက်နဲ့ အရပ်သားတယောက် သေဆုံးခဲ့တယ်လို့ အာဖရိက သမဂ္ဂက ပြောပါတယ်။

တိုက်ခိုက်မှုဟာ နာရီပေါင်းအတော်ကြာမြင့်ခဲ့ပါတယ်။

လာရောက်တိုက်ခိုက်တဲ့ အယ်လ်ရှာဘတ် တက်ကြွသူတွေအားလုံး သေဆုံးခဲ့တယ်လို့လည်း အာဖရိက သမဂ္ဂကလည်း ပြောပါတယ်။