ဆူ​နာ​မီ ၁​၀​နှစ်​ပြည့်​ပွဲ​တွေ အာ​ချေး​မြို့တော်​မှာ ပြုလုပ်

  • 25 ဒီဇင်ဘာ 2014
aceh_
Image caption လွန်ခဲ့တဲ့ ၁၀ နှစ်က အာချေး ပြည်နယ် တဝှမ်း ဆူနာမီ ဒဏ်ကြောင့် လူတွေ သိန်းချီ သေဆုံး ခဲ့ရ ပါတယ်။

လွန်ခဲ့တဲ့ ၁၀နှစ် အိန္ဒိယ သမုဒ္ဒရာ ကနေ ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီ လှိုင်း ဒဏ်ကို ခံခဲ့ရတဲ့ အင်ဒိုနီးရှား ဘဲန်ဒါ အာချေးမြို့မှာ ၁၀နှစ်ပြည့်ဖို့ ၁ ရက်အလို မှာပဲ လူတွေ ထောင်ပေါင်းများစွာ စုဝေးပြီး သေဆုံး သွားသူတွေ အတွက် အောင့်မေ့ဖွယ် ဆုတောင်းပွဲ အခမ်းအနား စတင် ပြုလုပ် ခဲ့ပါတယ်။

ဆူနာမီဒဏ် ကနေ ရှားရှားပါးပါး ကျန်ရစ်ခဲ့တဲ့ ဘဲန်ဒါ အာချေး မြို့တော်ရဲ့ ၁၉ရာစု ပလီ ဝတ်ကျောင်း တော် မှာ လူတွေ စုရုံး ခဲ့တာ ဖြစ်ပါတယ်။

ဆူနာမီကြောင့် အာချေးဒေသ တဝှမ်း လူပေါင်း ၁သိန်း ၇သောင်းလောက် သေဆုံး ခဲ့ရပါတယ်။

အားချေးဒေသ နလံ ထူလာအောင် ကူညီခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံသား တွေနဲ့ ကမ္ဘာတလွှားက မိတ်ဆွေတွေကို ကျေးဇူး တင်ပါကြောင်း အာချေးဒေသ အုပ်ချူပ်ရေးမှုး က ဆိုပါတယ်။

ဆူနာမီ ၁၀ နှစ်ပြည့် ဖြစ်တဲ့ ဒီနေ့မှာလည်း ဆုတောင်းပွဲ အခမ်းအနားတွေ ကျင်းပကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ