Red Mosque ရှေ့ဆောင်​ဆရာ​ကို ပါ​ကစ္စ​တန် တရားရုံး​က ဖမ်း​ဝရမ်းထုတ်

  • 26 ဒီဇင်ဘာ 2014
moulana_abudlaziz ဓာတ်ပုံ မူပိုင် AP
Image caption အဗ္ဗဒူလ်အဇစ် ဟာ ပက်ရှ်ဝါကျောင်း ကို တာလီဘန် တွေ တိုက်ခိုက်ခဲ့တဲ့ အပေါ် ရှုတ်ချဖို့ ငြင်းဆန်ခဲ့သူ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ဘာသာရေး အခြေခံဝါဒီ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အဗ္ဗဒူလ် အဇစ်ကို တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက် ပါတယ်။

အဗ္ဗဒူလ် အဇစ်ဟာ မြို့တော် အစ္စလာမ်မာဘတ် မှာ ရှိတဲ့ အနီရောင် ဝတ်ကျောင်းတော် လို့ အမည်ရတဲ့ ပလီက ရှေ့ဆောင်ဆရာ တစ်ဦး ဖြစ်ပါတယ်။

ဒီလထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ပက်ရှ်ဝါကျောင်း အတိုက်ခိုက် ခံခဲ့ရမှုကို ရှုတ်ချဖို့ အဗ္ဗဒူလ် အဇစ်က ငြင်းဆန်ခဲ့တဲ့ အတွက် အဆိုပါ အနီရောင် ပလီ ဝတ်ကျောင်း အရှေ့မှာ ဆန္ဒပြပွဲ တွေ ဖြစ်ပေါ် ခဲ့ပါတယ်။

ဆန္ဒပြသူတွေ အပေါ် အဗ္ဗဒူလ် အဇစ်က ခြိမ်းခြောက် မှုတွေ ပြုလုပ် ခဲ့တယ် ဆိုပြီး စွပ်စွဲမှုတွေ ထွက်ပေါ် ခဲ့တဲ့နောက် အခုလိုလို ဖမ်းဝရမ်း အထုတ် ခံလိုက် ရတာ ဖြစ်ပါတယ်။

သူ့ရဲ့ ပလီကျောင်း အရှေ့ ဆန္ဒပြခဲ့ သူတွေကိုလည်း ခွင့်ပြုချက် မယူပဲ ဆန္ဒပြခဲ့မှု အတွက် ရဲက စစ်ဆေး နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ