AirAsia လေယာဉ် ပျောက်ဆုံးနေ

  • 28 ဒီဇင်ဘာ 2014
Air Asia ဓာတ်ပုံ မူပိုင် EPA
Image caption ရာသီဥတုကြောင့် လမ်းကြောင်းပြောင်းမယ်လို့ ပြောအပြီး အဆက်အသွယ်ပြတ်သွားခဲ့။

အင်ဒိုနီးရှားက စင်္ကာပူကို ပျံသန်း လာတဲ့ Air Asia ခရီးစဉ် QZ8501 ဟာ လေကြောင်း ထိန်းသိမ်း ရေးနဲ့ အဆက် ပြတ်ပြီး ပျောက်ဆုံးနေ ပါတယ်။

အဲဘတ်စ် A320 အမျိုး အစား ဒီ လေယာဉ် ဟာ အရှေ့ ဂျာဗား ဆူရာ ဗာရာ မြို့ ကနေ စင်္ကာပူကို ပျံသန်း နေစဉ် ဒေသ စံတော်ချိန် မနက် ၇ နာရီ ခွဲလောက် အချိန် ဂျာဗာ ပင်လယ်ပြင် အထက်မှာ အဆက် အသွယ် ပြတ်တောက် သွားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် ပေါ်မှာ စုစုပေါင်း ၁၆၂ ဦး ပါသွားပြီး အများစု က အင်ဒိုနီးရှား လူမျိုးတွေ ဖြစ်ပါတယ်။ ခရီးသည် ၁၅၅ ဦး နဲ့ လေယာဉ် အမှုထမ်း ၇ ဦးတို့ လိုက်ပါ လာကြတာ ဖြစ်ပါတယ်။

လေယာဉ်ပေါ် လိုက်ပါ လာသူတွေ နဲ့ ပတ်သက်ပြီး လေကြောင်း လိုင်းက သတင်း ထုတ်ပြန် ချက်မှာ

ခရီးသည်များ: 1 Singapore 1 Malaysia 3 South Korea 1 United Kingdom 149 Indonesia

လေယာဉ်အမှုထမ်း - 1 France 6 Indonesia လို့ ဆိုထားပါတယ်။

အဆက် အသွယ် မပြတ်မီ လေယာဉ်ဆီက ရာသီဥတုဆိုးလို့ လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံ တာလည်း လက်ခံ ရရှိ ခဲ့တယ်လို့ လေကြောင်း ထိန်းသိမ်းရေး အရာရှိ တွေက ပြောပါတယ်။

အင်ဒိုနီးရှားနဲ့ စင်ကာပူ နိုင်ငံတို့က စစ်လေယာဉ် တွေဟာ လေယာဉ် ရေဒါ ကနေ ပျောက်ကွယ် သွားတဲ့ ဘောနီယို အနောက်တောင်ဘက် ကမ်းလွန် မှာ ရှာဖွေ မှုတွေ ပြုလုပ် နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ညအချိန် ရှာဖွေ မှုတွေ ကိုတော့ လောလောဆယ် ခတ္တရပ်နား ထားပါတယ်။

ခရီးသည် တွေရဲ့ ဆွေးမျိုး သားချင်းတွေနဲ့ မိတ်ဆွေတွေ ကတော့ စင်ကာပူနဲ့ ဆူရာ ဘာရာ လေဆိပ် တွေမှာ စိုးရိမ် တကြီးနဲ့ ဒီ လေယာဉ် သတင်းကို ဆက်လက် စောင့်မျှော် နေကြ ပါတယ်။