ဂ​ရိ ရွေး​ကောက်​ပွဲ စော​ပြီး ကျင်းပ​လာ​မယ့် အပေါ် နိုင်ငံ​တကာ​က စိုးရိမ်

  • 29 ဒီဇင်ဘာ 2014
greece_ ဓာတ်ပုံ မူပိုင် na
Image caption နိုင်ငံတကာက ဘဏ္ဍာရေး ကူညီထားမှု သဘောတူညီ ချက်တွေကို ဂရိ အနေနဲ့ မလိုက်နာတိုင် ဖြစ်လာမယ့် အပေါ် စိုးရိမ် နေကြပါတယ်။

ဂရိ နိုင်ငံမှာ ရွေးကောက်ပွဲ ကို ရှေ့လ ထဲမှာ ကျင်းပမယ် ဆိုပြီး ကြေညာ လိုက်တဲ့ အပေါ် ဥရောပ စီးပွားရေး ပြန်လည် မတည်မငြိမ် ဖြစ်လာမလား ဆိုပြီး စိုးရိမ်မှု တွေ မြင့်တက် လာနေကြပါတယ်။ ဂရိ ပါလီမန်က သမ္မတသစ် တစ်ယောက် ရွေးချယ်ပေး ဖို့ မဆုံးဖြတ်နိုင် ဖြစ်ခဲ့ရာက လာမယ့် ဇန်နဝါရီ ၂၅ ရက် နေ့မှာ ရွေးကောက်ပွဲ ကျင်းပ ဖို့ စီစဉ် ထားပါ တယ်။

လူကြိုက်များ နေတဲ့ လက်ဝဲပါတီ ဆီရစ်ဇာ ရဲ့ ခေါင်းဆောင် အလက်ဆီ ဆီးပရက်စ် ကတော့ သူတို့ ပါတီသာ အနိုင်ရခဲ့ရင် တိုင်းပြည် ရဲ့ ဘဏ္ဍာရေး အကြပ်အတည်း ကို ဖြေရှင်း ပေးနိုင်မယ် ဆိုပြီး ဂတိပေး ပြောဆို လိုက်ပါတယ်။

ဝန်ကြီးချူပ် အန်ထော်နစ် ဆမ်မာရပ်စ် အစိုးရဟာ ဂရိ ပြည်သူတွေ ဆီက ခိုးယူနေခဲ့တာ ၂ နှစ် ရှိ သွားပါပြီ၊ နိုင်ငံတကာ ဆီက ဘဏ္ဍာရေး ဆိုင်ရာ အကူအညီ ယူထားမှု တွေကို ပြည်သူတွေ အားလုံးရဲ့ ဆန္ဒနဲ့ ချန်ရစ်ထား နိုင်တော့မယ် ဆိုပြီး မစ္စတာ ဆီးပရက်စ် က ပြောခဲ့ ပါတယ်။

အခုဆိုရင် ဂရိနိုင်ငံ ရဲ့ စီးပွားရေး အလားလာ အပေါ် မြီရှင် နိုင်ငံတွေ အနေနဲ့ မသေချာမှု တွေ တိုးမြှင့်နေပြီး ငွေချေး စာချူပ်ရဲ့ အတိုးနှုန်းတွေ ၉ % အထိ ထိုးတက် သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ