အီတလီ ကမ်းခြေမှာ သင်္ဘောတစီး ပေါ်က ဒုက္ခသည် ၉၀၀ ကျော် တွေ့ရှိ

  • 31 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အမျိုးသမီး တဦး ကတော့ သင်္ဘော ပေါ်မှာ တင် ကလေး မွေးဖွားခဲ့

အီတလီ နိုင်ငံ ကော်ဖူး ကမ်းခြေ အနီးမှာ ရေထဲမှာ မျော် နေတဲ့ ကုန်တင် သင်္ဘော တခု ပေါ် ကနေ ရွှေ့ပြောင်း ဝင်ရောက် လာသူ အနည်းဆုံး လူ ၄ ယောက် ရဲ့ အလောင်း တွေကို တွေ့ခဲ့ ရတယ်လို့ အီတလီ ကြက်ခြေနီ အသင်း က ပြောပါ တယ်။

ဒီ လူတွေကို အီတလီ သွားဖို့ သင်္ဘော ပေါ် တင်လာ တာလို့ ယူဆ ရပြီး သင်္ဘော ပေါ်မှာ ရွှေ့ပြောင်း ဝင်လာ သူပေါင်း ၉၀၀ လောက် ရှိမယ်လို့ အီတလီ ကြက်ခြေနီ အသင်းရဲ့ ပြောခွင့် ရသူ မီရာမာ အန်တိုနာချီ က ပြောပါတယ်။

အများစုဟာ ဆီးရီးယား က ဒုက္ခသည်တွေ ဖြစ်ကြပြီး၊ အမျိုးသမီး တဦး ကတော့ သင်္ဘော ပေါ်မှာတင် ကလေး မွေးဖွား ခဲ့ကာ၊ ကလေး လည်း အခြေ အနေ ကောင်း တယ်လို့ ဆိုပါတယ်။

တခြား လူ ၃၅ ဦး ကိုတော့ ဆေးရုံ ပို့ထား ရတယ်လို့ မီရာမာ က ပြောကြား ပါတယ်။

သင်္ဘော ဝန်ထမ်းတွေ ကတော့ ဂရိ ရေပိုင်နက် ထဲမှာ တင် သင်္ဘောကို စွန့်ခွာ သွားခဲ့တယ် လို့ ယူဆရ ပြီး သင်္ဘောကို အော်တို ပိုင့်လော့ လုပ်ထား ခဲ့ တာပါ။

Blue sky M လို့ အမည်ရ တဲ့ ဒီ သင်ဘော် ပေါ်ကို အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့ အရာ ရှိတွေ တက်သွား ခဲ့ပြီး အခုတော့ သင်္ဘောကို အီတလီ တောင်ပိုင်း ဂါလီပိုလီ ဆိပ်ကမ်း မှာ ရပ်နား ထား လိုက်ပြီ ဖြစ်ပါတယ်။

ရွှေ့ပြောင်း ဝင်ရောက် လာသူတွေ ကိုတော့ အဲဒီ ဒေသက ကျောင်း တကျောင်းနဲ့ အား ကစားရုံ တခုဆီ ခေါ်ဆောင် သွား ခဲ့ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ