ရှန်ဟိုင်း မှာ နှစ်သစ်ကူးည လူနင်းခံရ

  • 1 ဇန်နဝါရီ 2015
china ဓာတ်ပုံ မူပိုင် AFP
Image caption သေဆုံးသူတွေ အတွက် လွမ်းသူ ပန်းစည်းချ

တရုတ် နိုင်ငံ ရှန်ဟိုင်း မြို့မှာ နှစ်သစ်ကူး ညမှာ ဖြစ်ပွားတဲ့ လူနင်းခံရမှု ကို အမြန် စုံစမ်း စစ်ဆေးဖို့ တရုတ် သမ္မတ ရှီကျင်ပင်း က အမိန့်ပေး လိုက်ပါတယ်။

ဒီဖြစ်ရပ်ကြောင့် အနည်းဆုံး ၃၆ ယောက် သေဆုံးပြီး ၄၇ ယောက် ဒဏ်ရာ ရသွားပါတယ်။

လာမယ့်လ တရုတ် နှစ်သစ်ကူး ပွဲတော် လုံခြုံရေး အတွက် အားလုံး အစီအစဉ်တကျ ဖြစ်ဖို့ တရုတ် သမ္မတက ညွှန်ကြား ထားပါတယ်။

ရှန်ဟိုင်း မြို့လယ်က မြစ်ကမ်းနဖူးမှာ နှစ်သစ်ကူးည လူတွေ စုရုံး နေချိန်မှာ ဒီလို လူနင်း ခံရမှု ဖြစ်ပွား ခဲ့ပါတယ်။

ဥဒဟို သွားလာနေကြတဲ့ လူအမြောက်အများ ရင်ဆိုင် တိုးမိရာက ဒီလို တက်နင်းခဲ့ကြတာလို့ မျက်မြင် သက်သေ တယောက် က ပြောကြား ခဲ့ပါတယ်။

လှေကား ပေါ်က ဆင်းလာသူတွေနဲ့ လှေကားပေါ် တက်သူတွေ တိုးဝှေ့ကြရာကနေ တယောက်နဲ့ တယောက် ထပ်ပြီး တက်နင်းမိကြပုံ ရပါတယ်။

သေဆုံးသူ အများစုဟာ မိန်းကလေးတွေလည်း ဖြစ်ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ