တောင်-မြောက် ကိုရီးယား ဆွေးနွေးပွဲ ကမ်းလှမ်း

  • 1 ဇန်နဝါရီ 2015
korea ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယား စစ်ရေး အင်အားပြ အခမ်းအနား တခု

တောင်ကိုရီးယားနဲ့ အမြင့်ဆုံး အဆင့် ဆွေးနွေးပွဲတွေ လုပ်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-Un က ကမ်းလှမ်း လိုက်ပါတယ်။

အကျိုးအကြောင်း ညီညွတ်ရင် တောင်ကိုရီးယား သမ္မတ Park Geun-hye နဲ့ ထိပ်သီး ဆွေးနွေးပွဲ လုပ်လို ကြောင်း Kim Jong-Un က နှစ်သစ်ကူး ရုပ်သံ မိန့်ခွန်းမှာ ပြောကြား ခဲ့ပါတယ်။

တောင်ကိုရီးယား အစိုးရရဲ့ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးက တော့ ဒီကမ်းလှမ်းချက် ကို သတိကြီးကြီး နဲ့ ကြိုဆို တုံ့ပြန် ခဲ့ပါတယ်။

အခုလို တောင် မြောက် ၂ နိုင်ငံ စစ်ရေး တင်းမာမှု တွေ မြင့်မား နေချိန်မှာ ၂ ဘက် ခေါင်းဆောင် တွေ အတူထိုင် ဆွေးနွေး နိုင် ကြရင် အပြောင်းအလဲကြီး တခု ဖြစ်လာနိုင်တယ် လို့ သတင်းထောက် တွေက ပြောဆို ပါတယ်။

ကိုရီးယား စစ်ပွဲ နောက်ပိုင်း နှစ်ပေါင်း များစွာ ကွဲကွာ နေကြတဲ့ မိသားစု ပေါင်းစည်းပွဲ တွေ ပြန်လည် စတင်ရေး ဆွေးနွေးဖို့ တောင်ကိုရီးယား က မြောက်ကိုရီးယား ကို ဒီသီတင်းပတ် ထဲမှာ တောင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ