ပျက်​ကျ​ခဲ့​စဉ် အဲ​အေး​ရှား လေယာဉ်မှာ ပျံ​သန်း​ဖို့ ခွင့်​ပြု​လိုင်စင် မ​ရှိ​ခဲ့

  • 2 ဇန်နဝါရီ 2015
air_asia_rescue ဓာတ်ပုံ မူပိုင် EPA
Image caption လေယာဉ်ပင်မ ကိုယ်ထည် အပျက်အစီးကို မတွေ့ရသေး။

အင်ဒိုနီးရှား ကမ်းလွန်ပြင် မှာ ပျက်ကျ ခဲ့တဲ့ အဲအေးရှား လေယာဉ်ပျံ ဟာ အခင်း ဖြစ်ခဲ့ရာ တနင်္ဂနွေနေ့ တုန်းက ပျံသန်းခွင့် လိုင်စင် မရှိခဲ့ကြောင်း ဘီဘီစီ က သိရှိ ရပါတယ်။

အဲဒီ့ သီတင်းပတ် ထဲက အခြား ၄ ရက် အတွက်တော့ အဲအေးရှား မှာ အစိုးရ ခွင့်ပြုမိန့် ရှိခဲ့ပါတယ်။

အခုဆို အဲအေးရှားရဲ့ ဆူရာဘာယ ကနေ စင်္ကာပူ ကို ပျံသန်းတဲ့ လေကြောင်း ခရီးစဉ် အားလုံးကို အင်ဒိုနီးရှား ပို့ဆောင်ရေး ဝန်ကြီးဌာန က ဆိုင်းငံ့ လိုက်ပြီ ဖြစ်ပါတယ်။

ရှာဖွေရေး အဖွဲ့တွေ ဟာ လေယာဉ်ရဲ့ ပင်မ ကိုယ်ထည် အစိတ်အပိုင်း ကို ဆက်လက် ရှာဖွေ နေကြဆဲ ဖြစ်ပြီး လောလောဆယ် အချိန်အထိ ပင်လယ်ထဲ ကနေ ခရီးသည်တွေ ရဲ့ ရုပ် အလောင်း အနည်းဆုံး ၃၀ လောက် ဆယ်ထား နိုင်ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ