ကုန်တင် သင်္ဘော တစင်း အီတလီ ဆယ်ယူရပြန်

  • 2 ဇန်နဝါရီ 2015
italy ဓာတ်ပုံ မူပိုင် epa
Image caption ရွှေ့ပြောင်း ဝင်ရောက်တဲ့ သင်္ဘောတွေ ကယ်တင်ရ

အီတလီ နိုင်ငံမှာ ရွှေ့ပြောင်း ဝင်လာသူ ၄ဝဝ လောက် ကို တင်ဆောင်ပြီး သင်္ဘောသား တွေ စွန့်ပစ် သွားလို့ ပင်လယ်ထဲ မျော နေတဲ့ ကုန်တင် သင်္ဘော ကြီး တစင်း ကို ကယ်တင် ဖို့ အာဏာပိုင် တွေက ထိန်းချုပ် ခဲ့ရ ပါတယ်။

ဆီရီယာ လေယွန်း အလံတင် Ezadeen သင်္ဘော ပေါ်ကို အီတလီ ကမ်းခြေစောင့် တပ်က ရဟတ်ယာဉ် နဲ့ သက်ဆင်းပြီး အီတလီ တောင်ပိုင်းက Calabria ဆိပ်ကမ်း ကို မောင်းနှင် ခဲ့ပါတယ်။

လူတွေ တင်လာတဲ့ သင်္ဘောကို သင်္ဘောသား တွေ ည အချိန်မှာ စွန့်ခွာပြီး ပင်လယ်ထဲ ထားပစ် ခဲ့တာလို့ အီတလီ ကမ်းခြေစောင့် အရာရှိ ကြီး တယောက်က ပြောကြား ပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ် တွေ အများအပြား ပါတဲ့ ရွှေ့ပြောင်း ဝင်သူ တွေရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ် လို့လည်း သိရပါတယ်။

ဒီအပတ် ထဲမှာ ပဲ ခရီးသည် ၈ ဝဝ ကျော် တင်ဆောင်လာ တဲ့ ကုန်တင် သင်္ဘော တစင်းကို အီတလီ ကမ်းခြေမှာ ဆယ်ယူ ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ