မြောက်​ကို​ရီး​ယား​ကို အမေ​ရိ​ကန်​က ပိတ်​ဆို့​မှု​တွေ ချမှတ်

  • 2 ဇန်နဝါရီ 2015
sony_film_release_cancelled_ ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယား ထောက်လှမ်းရေး ကို ပစ်မှတ်ထားပြီး အမေရိကန်က ကန့်သတ် ပိတ်ဆို့မှု တွေ ပြုလုပ်။

အမေရိကန်ပိုင် ဆိုနီ ရုပ်ရှင် ကုမ္ပဏီ ကို ဆိုင်ဘာ တိုက်ခိုက်မှု ပြုလုပ် ခဲ့တာကို လက်တုန့် ပြန်တဲ့ အနေနဲ့ အမေရိကန် အစိုးရ က မြောက်ကိုရီယား အပေါ် ပိတ်ဆို့ အရေးယူ မှုတွေ ချမှတ် လိုက်ကြောင်း အိမ်ဖြူတော် က ကြေညာ လိုက်ပါတယ်။

အခု အရေးယူမှု တွေဟာ မြောက်ကိုရီးယား ရဲ့ ထောက်လှမ်းရေး အေဂျင်စီ အပါအဝင် အဖွဲ့အစည်း ၃ ခုနဲ့ လက်နက်ပွဲစား တစ်ဦးအပေါ် ပစ်မှတ်ထား ချမှတ်တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား အာဏာပိုင် တွေ အတွက် အလုပ် လုပ် ပေးတဲ့ လူပုဂ္ဂိုလ် ၁၀ ဦး အပေါ် မှာပါ အဲဒီ့ ပိတ်ဆို့ ကန့်သတ်မှု တွေက သက်ရောက် မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံ အန်း ကို လုပ်ကြံ သတ်ဖြတ်တယ် ဆိုတဲ့ ဇာတ်လမ်းကို ဟာသ အနေနဲ့ ရိုက်ကူး ခဲ့တဲ့ ဆိုနီ ကုမ္မဏီ ဟာ သူတို့ရဲ့ ကွန်ပြူတာ စံနစ် ထွင်းဖောက် အတိုက်ခိုက် ခံခဲ့ ရပြီး တဲ့နောက် အဆိုပါ The Interview ရှပ်ရှင် ကို ရုံမတင် တော့ဘူး လို့ ဆုံးဖြတ် ခဲ့ပါတယ်။

အမေရိကန် ရုပ်ရှင်ရုံ တွေလည်း အဆိုပါ ရုပ်ရှင်ကို ပြသရင် အတိုက်ခိုက် ခံရမယ် ဆိုတဲ့ ခြိမ်းခြောက်မှု တွေ ရရှိခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ