အဲအေးရှား လေယာဉ်ပျက် အပိုင်းအစ ရှာတွေ့

  • 3 ဇန်နဝါရီ 2015
 asia ဓာတ်ပုံ မူပိုင် Getty Images News
Image caption အလောင်း ၃ဝ လောက်ကို ရှာဖွေ ရရှိ

တနင်္ဂနွေ နေ့က ပျက်ကျသွားတဲ့ အဲအေးရှား လေယာဉ်ပျက် က အပိုင်းအစကြီး ၄ ခု ဂျားဗား ပင်လယ်ထဲ ရှာတွေ့ပြီလို့ ရှာဖွေရေး အဖွဲ့တွေ က ပြောပါတယ်။

ပေ ၃ဝ နဲ့ ၁၅ ပေ လောက် ရှိတဲ့ အပိုင်း အစကြီး တွေကို အင်ဒိုနီးရှား အရေးပေါ် ဝန်ကြီး ဌာနက ပင်လယ် ကမ်းခြေမှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး ဒီနေရာမှာ ရေနံကွက်ကြီး တခု သောကြာ နေ့က တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

ရေအောက်သွား ယာဉ်တွေ ကို သုံးပြီး ဒီအပိုင်းအစ တွေနား ရောက်အောင် သွားဖို့ ကြိုးစား နေပါတယ်။

လှိုင်းလုံးကြီး ပြီး လေပြင်း ထန် နေတဲ့ အတွက် တော်တော် ခက်ခက်ခဲခဲ ကြိုးစား နေရတာပါ။

ခုချိန်ထိ အလောင်း ၃ဝ လောက် ကို ရှာဖွေ ရရှိ ခဲ့ပြီ ဖြစ်ပါတယ်။

အလောင်း ပြန်မရသေး တဲ့ ဆွေမျိုး တယောက် က လေယာဉ်ပျက် အပိုင်းအစတွေ ပြန်တွေ့တဲ့ သတင်း ကြားရလို့ စိတ်ချမ်းသာ ရပါတယ်၊ အမြန်ဆုံး အလောင်း တွေကို ပြန်ရှာပြီး သင်္ဂြိုဟ် ချင်လို့ပါလို့ ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ