လူ​မှောင်ခို​တွေ ဒေါ်လာ ၃ သန်း ဝန်းကျင် ရ

  • 3 ဇန်နဝါရီ 2015
italy_migrant_ ဓာတ်ပုံ မူပိုင် AP
Image caption ကုန်တင်ခန်းတွေ ထဲမှာ လူ ၃၅၀ ကျော်ကို သော့ခတ်ပြီး လူမှောင်ခို တွေဟာ သင်္ဘောကို စွန့်ခွာ သွားခဲ့ကြပါတယ်။

ရွေ့ပြောင်း ဝင်ရောက်သူ တွေကို ကုန်တင် သင်္ဘော အပြည့် တင်ပြီး ပင်လယ်ပြင် မှာ စွန့်ပစ်ခဲ့တဲ့ နည်းလမ်း ကို အသုံး ပြုကြသူ လူမှောင်ခို ကူးသူ တွေဟာ ဒီလို လုပ်ဆောင်တာ ကနေ ဒေါ်လာ ၃ သန်း လောက် ရခဲ့ကြတယ် ဆိုပြီး အီတလီ ရဲတွေက ပြောပါတယ်။

ဆီးရီးယား နိုင်ငံသား အများအပြား ပါဝင်တဲ့ လူပေါင်း ၃၅၀ ကို တင်ဆောင် ထားတဲ့ သင်္ဘောဟာ မြေထဲ ပင်လယ်ထဲ မျောနေတာ ကို ကြာသပတေး နေ့က တွေ့ရှိခဲ့ရ တာ ဖြစ်ပါတယ်။

ရွှေ့ပြောင်း ဝင်ရောက် သူတွေကို သင်္ဘော ရဲ့ ကုန်တင်ခန်း တွေမှာ သော့ခတ် ထားခဲ့ပြီးနောက် လူမှောင်ခိုတွေ ဟာ အသက်ကယ် လှေသုံးပြီး သင်္ဘော ကနေ စွန့်ခွာ သွားကြပုံ ရပါတယ်။

အခု သင်္ဘောပေါ် မှာ လိုက်ပါ လာကြတဲ့ ဆီးရီးယား နိုင်ငံသားတွေ ဟာ အရင် ကြုံဖူးနေကြ ဒုက္ခသည်တွေ နဲ့စာရင် ပိုပြီး ငွေရေးကြေးရေး ချောင်လည်ပုံ ရတယ် လို့ အဲဒီ့ သင်္ဘော ကို ဆွဲခေါ်ယူလာ ခဲ့ရတဲ့ အရပ်က အီတလီ ရဲတပ်ဖွဲ့ အကြီးအကဲ က ပြောပါတယ်။

အခုလို လူမှောင်ခိုတွေ သုံးလာတဲ့ နောက်ဆုံးပေါ် နည်းလမ်း ဟာ အဆိုပါ ငွေကြေး တောင့်တင်းကြတဲ့ ရွှေ့ပြောင်း ဝင်ရောက် လိုသူတွေ အပေါ် ပိုပြီး ဆွဲဆောင်မှု ရှိပုံ ရတယ် ဆိုပြီး တော့လည်း အဲဒီ ရဲမှုး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ