ကာဒီနယ် ဂိုဏ်းချုပ် အသစ်တွေ ခန့်အပ်

  • 4 ဇန်နဝါရီ 2015
catholic
Image caption မြန်မာပြည်မှာ ကက်သလစ် သာသနာ နှစ် ၅ဝဝ ပြည့်ပြီ

ရောမ မြို့က ပုပ်ရဟန်း မင်းကြီး ဖရန်ဆစ်က ကက်သလစ် ကျောင်းတော် ခေါင်းဆောင်ပိုင်း ပြုပြင်ရေး ဆက်လက် ကြိုးပမ်းတဲ့ အနေနဲ့ ကာဒီနယ် ဂိုဏ်းချုပ် အသစ် ၂ဝ ခန့်အပ် လိုက်ရာမှာ အများစုက အီတလီ နိုင်ငံ ပြင်ပက ဖြစ်ကြ ပါတယ်။

ဒီထဲမှာ မြန်မာ ပြည်က ဂိုဏ်းချုပ် ဘုန်းတော်ကြီး ချားလ်စ် ဦးဘို အပါအဝင် ထိုင်း၊ ဗီယက်နမ် ၊ အီသီယိုးပီးယား စတဲ့ ၁၄ နိုင်ငံ က ဂိုဏ်းချုပ် ကြီးတွေ လည်း ရွေးကောက် ခံခဲ့ရပါတယ်။

အသက် ၆၆ နှစ် အရွယ် ချားလ်စ် ဦးဘိုဟာ မြန်မာပြည်က ပထမဆုံး ရွေးကောက်ခံရတဲ့ ကာဒီနယ် ဂိုဏ်းချုပ် ဆရာတော်ကြီး ဖြစ်ပြီး လက်ရှိ ရန်ကုန် ဂိုဏ်းချုပ် တာဝန်ကို ယူထားပါတယ်။

ရွေးကောက်ခံရတဲ့ ကက်သလစ် ဂိုဏ်းချုပ် သစ် ၁၅ ယောက်ဟာ အသက် ၈ဝ အောက် အရွယ်တွေ ဖြစ်ကြပြီး ပုပ်ရဟန်းမင်း ရာထူး ဆက်ခံရေး အတွက် ရွေးချယ် ခံပိုင်ခွင့် ရှိကြသူ တွေ ဖြစ်ပါတယ်။

ဗာတီကန် သာသနာပိုင် ဌာနချုပ် ပြုပြင်ရေး အတွက် စဉ်းစား ဆွေးနွေးဖို့ ကာဒီနယ် ဂိုဏ်းချုပ် ကြီး တွေနဲ့ နောက်လ ထဲ တွေ့မယ်လို့ ပုပ်ရဟန်း မင်းကြီးက ကြေညာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ