နယူးယော့မှာ ပစ်သတ်ခံရတဲ့ ရဲ အသုဘ ချဆောင်

  • 4 ဇန်နဝါရီ 2015
new york police ဓာတ်ပုံ မူပိုင် Reuters
Image caption ရဲ အရာရှိ တွေ ကားထဲ ပစ်သတ် ခံရ

နယူးယော့ မြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ ရဲ အရာရှိ ရဲ့ ဈာပနမှာ ရာနဲ့ချီတဲ့ ရဲ တွေက နယူးယော့ မြို့တော်ဝန် စကားပြောချိန်မှာ ကျောခိုင်းထားပြီး သူ့ကို မနှစ်မြို့ကြောင်း ပြသခဲ့ကြပါတယ်။

ရဲ အရာရှိ Wenjian Liu နဲ့ လုပ်ဖော်ကိုင်ဘက် တယောက် ပတ္တရောင်လှည့် နေတုန်း ရဲကား ထဲမှာ ပစ်သတ် ခံခဲ့ရပါတယ်။

လူမည်းတွေကို ရဲ သတ်ဖြတ်မှု တွေ အပေါ် လက်စားချေလိုတဲ့ သေနတ်သမား တယောက်က ဒီလို ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ရဲတွေက အာဖရိက နွယ်ဖွား အမေရိကန်တွေ အပေါ် ခွဲခြား ဆက်ဆံတယ် ဆိုပြီး ရဲ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ဘက်က နယူးယော့ မြို့ဝန် ဘက်လိုက်တယ်လို့ ရဲတွေက ယူဆ ကြပါတယ်။

နယူးယော့ မြို့သူမြို့သားတွေ အကြား အပြန်အလှန် နားလည် ညီညွတ်ကြဖို့ မစ္စတာ de Blasio က သူ့မိန့်ခွန်းမှာ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ