အဲအေးရှား Black Box ရှာဖွေမှုတွေ ပြန်လည် စတင်

  • 5 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption တနင်္ဂနွေနေ့က ရာသီဥတု ဆိုးရွားလို့ ရှာဖွေမှုတွေ မအောင်မြင်ခဲ့

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျာဗား ပင်လယ်ပြင် အတွင်း Air Asia လေယာဉ် ပျက်ကျခဲ့တဲ့ နေရာမှာ ရာသီဥတု ပြန်လည် ကောင်းမွန် လာတဲ့ အတွက် လေယာဉ် ပျံသန်းမှု မှတ်တမ်း Black Box ရှာဖွေမှုတွေကို ပြန်လည် စတင် နေပါတယ်။

လေယာဉ် ပျက်ကျတဲ့ နေရာ ကနေ အလောင်း ၃၇ လောင်း ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံက ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။

ကျန် ခရီးသည် အများစုရဲ့ အလောင်းတွေ ကတော့ လေယာဉ် ကိုယ်ထည် အတွင်း ပိတ်မိနေဆဲ ဖြစ်မယ်လို့ ယူဆကြပါတယ်။

ဘော်နီယို ကမ်းခြေအနီး ဒေသတဝိုက်က ပင်လယ် ရေမျက်နှာပြင်အောက် မီတာ ၃၀ နက်တဲ့ နေရာမှာ ကြီးမားတဲ့ လေယာဉ် အပိုင်းအစတွေ တွေ့ခဲ့ရပြီး အဲဒီ ဒေသ တဝိုက်မှာ စစ်ရဟတ်ယာဉ်တွေနဲ့ စစ်သင်္ဘောတွေကို အစောင့် ချထားပါတယ်။

ဆူရာဘာယာ ကနေ စင်ကာပူကို ပျံသန်းနေစဉ် ဘာကြောင့် လေယာဉ် ပျက်ကျခဲ့ရတယ် ဆိုတာကို သိရှိစေနိုင်မယ့် ပျံသန်းမှု မှတ်တမ်း အသံသွင်း ကိရိယာကို ရှာဖွေ နိုင်လိမ့်မယ်လို့ အင်ဒိုနီးရှားနဲ့ ရုရှား ရေငုပ်သမားတွေ အဖွဲ့က မျှော်လင့် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ