နိုက်ဂျီးရီးယား မြောက်ပိုင်းမြို့ ဘိုခိုဟာရမ်သိမ်း

  • 5 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP

နိုက်ဂျီးရီးယားနိုင်ငံမှာ ဘိုခိုဟာရမ် လက်နက်ကိုင် သူပုန်တွေက ဘာဂါမြို့ကို သိမ်း ပိုက်လိုက်ပြီး အရေးပါတဲ့ နိုင်ငံပေါင်းစုံတပ်ဖွဲ့ စစ်အခြေစိုက်စခန်းတခုကိုလည်း သိမ်းလိုက်ပါတယ်။

စနေနေ့မနက်မနက်ခင်း လင်းအားကြီးအချိန်မှာ ဘိုခိုဟာရမ်တွေက နိုက်ဂျီးရီးယားမြောက်ပိုင်းက ဘာဂါမြို့ထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ ဘိုခိုဟာရမ်တပ်တွေ ဝင်ရောက်တိုက်ခိုက်လာပြီးနောက်မှာ နိုင်ငံပေါင်းစုံတပ်ဖွဲ့ဟာ စစ်အခြေစိုက်စခန်းကို စွန့်ပစ်ပြီး ဘာဂါမြို့ကနေ ဆုတ်ခွာခဲ့တယ်လို့ နိုက်ဂျီးရီးယားဝန်ကြီး ဘော်နိုက ပြောပါတယ်။

လူအများအပြားသေဆုံးခဲ့သလို မြို့ကိုလည်း မီးတင်ရှို့ခဲ့ပါတယ်။

ဘိုခိုဟာရမ်ဟာ အစ္စလာမ်သမ္မတနိုင်ငံထူထောင်ဖို့ ကြိုးစားနေတဲ့ သူပုန်အဖွဲ့ဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဘိုခိုဟာရမ်ကို အကြမ်းဖက်အဖွဲ့အဖြစ်အမေရိကန်က ကြေညာခဲ့ပါတယ်။