အီဘိုလာ ကာကွယ်ဆေး နောက်တစ်မျိုး စမ်းသပ်

  • 6 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် NIAID
Image caption စမ်းသပ်ခံသူတွေ ဆေးထိုးမှု အဆင့် ၂ ဆင့် ခံယူရမယ်

အီဘိုလာ ရောဂါ ကာကွယ်ဆေး အသစ် နောက်တစ်မျိုးကို အောက်စ်ဖို့ဒ် တက္ကသိုလ်က သိပ္ပံ ပညာရှင်တွေက လူတွေနဲ့ စမ်းသပ်မှု ထပ်မံ ပြုလုပ် ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ လကလည်း အီဘိုလာ ကာကွယ်ဆေး တခြား တစ်မျိုးကို ဒီမြို့မှာပဲ သီးခြား စမ်းသပ် ခဲ့ပါသေးတယ်။

အခု ကာကွယ်ဆေးသစ် စမ်းသပ်မှုမှာ စေတနာ အလျောက် စမ်းသပ်ခံတဲ့ အသက် ၁၈ နှစ်ကနေ ၅၀ အကြား လူ ၇၂ ယောက် ပါဝင် ခဲ့ပါတယ်။

ဒီကာကွယ်ဆေးကို မျောက်တွေနဲ့ အစောပိုင်း စမ်းသပ် ခဲ့ရာမှာတော့ အီဘိုလာ ရောဂါကို ရာနှုန်းပြည့် ကာကွယ် နိုင်ကြောင်း တွေ့ရှိ ခဲ့ကြပါတယ်။

အခု စမ်းသပ်မှုမှာ ဆေးထိုးမှု အဆင့် နှစ်ဆင့် ရှိပြီး ဒုတိယ အဆင့်ကို နောက် တစ်လ သို့မဟုတ် နှစ်လ အကြာမှာ ထပ်မံ ထိုးသွင်းရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ