ဟားမတ်စ် တစ်ဦးကို အစ္စရေး ထောင်တစ်သက် ၃ကြိမ်ချ

ဓာတ်ပုံ မူပိုင် Reuters
Image caption အိမ်အပြန် ကားကြုံစီးခဲ့သူ အစ္စရေး ဆယ်ကျော်သက် ၃ ယောက် အသတ်ခံခဲ့ရ

အနောက်ဘက် ကမ်းမှာ အစ္စရေး ဆယ်ကျော်သက် ၃ ယောက်ကို ပြန်ပေးဆွဲပြီး သတ်ဖြတ် ခဲ့မှုအတွက် ပါလက်စတိုင်း တစ်ဦးကို အစ္စရေး စစ်ခုံရုံးက ထောင်တစ်သက် ပြစ်ဒဏ် ၃ ကြိမ် ချမှတ် လိုက်ပါတယ်။

တရားခံ ဖြစ်သူ Hussam Qawasmeh ဆိုသူဟာ ဟားမတ်စ် အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး အသတ်ခံရတဲ့ ဆယ်ကျော်သက်တွေရဲ့ မိသားစုတွေကိုလည်း လျော်ကြေးငွေ ဒေါ်လာ ၆ သောင်း ၃ ထောင် ပေးဆောင် ရမှာ ဖြစ်ပါတယ်။

ဒီအမှုအတွက် သံသယရှိသူ နောက် ၂ ဦးကိုတော့ အစ္စရေး တပ်ဖွဲ့တွေက ဟက်ဘရွန်မြို့မှာ ဝင်ရောက် စီးနင်းစဉ် ပစ်သတ် ခဲ့ပါတယ်။

၂၀၁၄ ဇွန်လမှာ ဖြစ်ခဲ့တဲ့ အဲဒီ လူသတ်မှုတွေဟာ ရက် ၅၀ ကြာတဲ့ ဂါဇာဒေသ တိုက်ပွဲတွေ ဖြစ်လာတဲ့ အထိ အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွ တွေအကြား တိုက်ခိုက်မှုတွေကို အရှိန်မြင့် စေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ