အစ္စ​တန်​ဘူလ် ရဲ​စခန်း​ကို အသေခံ​ဗုံး​ခွဲ တိုက်ခိုက်

  • 6 ဇန်နဝါရီ 2015
_istanbul_sultanahmet ဓာတ်ပုံ မူပိုင် EPA
Image caption အစ္စတန်ဘူလ်မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့ရာ ဒါဟာ တစ်ပတ် အတွင်း ၂ ကြိမ်မြောက် တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့မှာ ရဲစခန်း တစ်ခုကို အမျိုးသမီး တစ်ဦးက အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့တဲ့ အတွက် ရဲ အရာရှိ တစ်ဦး သေဆုံး သွားပြီး အခြား တစ်ဦးလည်း ဒဏ်ရာ ရရှိ သွားပါတယ်။

အခု ဖြစ်ပေါ်ခဲ့တဲ့ နေရာဟာ ကမ္ဘာလှည့် ခရီးသည်တွေ အလာများရာ ဆူလ်တန်အာမက် ဆိုတဲ့ အရပ်မှာ ဖြစ်ပါတယ်။

ဒါဟာ အစ္စတန်ဘူလ် မှာ တစ်ပတ် အတွင်း ၂ ကြိမ်မြောက် အတိုက်အခိုက် ခံခဲ့ရတာ ဖြစ်ပြီး ဒီ တစ်ကြိမ် မှာတော့ ဘယ် အဖွဲ့က ကျူးလွန် ခဲ့သလဲ ဆိုတာ မသိရ သေးပါဘူး။

ပထမ တစ်ကြိမ် တိုက်ခိုက်မှုကိုတော့ လက်ဝဲဝါဒီ အုပ်စု တစ်ခုက သူတို့ လုပ်ခဲ့တာ ဆိုပြီး ကြေညာ ထားပါတယ်။

ဘီဘီစီ သတင်းထောက် ရဲ့ အဆိုအရတော့ တူရကီ မှာ အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ် ကို အုပ်စု အမျိုးမျိုးတွေ ဆီက ကြုံတွေ့ နေရတယ် လို့ ပြောပါတယ်။

ကာ့ဒ်အုပ်စု တွေလည်း တူရကီ ရဲတွေကို အခုလို အမှတ်မထင် တိုက်ခိုက်မှုတွေ ရံဖန်ရံခါ ပြုလုပ် လေ့ရှိပြီး အိမ်နီးချင်း ဆီးရီးယား နိုင်ငံထဲက အကြမ်း ဖက်မှုတွေ လည်း တူရကီ ထဲကို နယ်စပ် ဖြတ်ကျော် ကူးစက် လာတတ်တယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ