အဲအေးရှား လေယာဉ် အမြီးပိုင်းကို တွေ့ပြီ

  • 7 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption လေယာဉ် အပျက်အစီး အစိတ်အပိုင်း တစ်ခုကို ရေအောက်မှာ တွေ့ရစဉ်။

ဂျာဗား ပင်လယ်မှာ အဲအေးရှား လေယာဉ်ပျက်ရဲ့ လေယာဉ် အမြီးပိုင်းကို တွေ့ပြီလို့ အင်ဒိုနီးရှား ရှာဖွေရေး အဖွဲ့က ပြောပါတယ်။

ပင်လယ် ရေမျက်နှာပြင်အောက် မီတာ ၃၀ အကွာ ဂျာဗား ပင်လယ် ကြမ်းပြင်က ရွှံ့ထဲမှာ ဇောက်ထိုး နစ်နေတဲ့ လေယာဉ် အမြီးပိုင်းကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အခုလို တွေ့ရှိမှုကြောင့် လေယာဉ် အမြီးမှာ ပါတဲ့ အသံသွင်း လေယာဉ် မှတ်တမ်း ကိရိယာကို မကြာခင် ရှာတွေ့နိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ပိုမို အားကောင်း လာခဲ့ပါတယ်။

လေယာဉ် အစိတ်အပိုင်းကို ဆယ်ယူဖို့တော့ နည်းပညာ အထူးကျွမ်းကျင်သူ တွေနဲ့ လုပ်ဆောင်ဖို့ လိုတယ်လို့ အရာရှိ တစ်ယောက်က ပြောပါတယ်။

ခရီးသည် အလောင်းတွေ အများစု ရှိနေမယ်လို့ ယူဆရတဲ့ လေယာဉ်ရဲ့ ပင်မ ကိုယ်ထည်ကို တွေ့ရှိဖို့ အတွက်တော့ ရှာဖွေရေးတွေ ဆက်လက် လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်။

အဲအေးရှား လေယာဉ်ဟာ ဒီဇင်ဘာ ၂၈ ရက်က ဆူရာဘာယာ ကနေ စင်ကာပူကို လူ ၁၆၂ ဦး တင်ဆောင် ပျံသန်းစဉ် ပျက်ကျခဲ့တာ ဖြစ်ပြီး အသက်ရှင် ကျန်ရစ်သူ မရှိခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ