ယီမင် ကားဗုံးခွဲ တိုက်ခိုက်မှု ၃၀ ကျော် သေဆုံး

  • 7 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ရဲအရာရှိလောင်းတွေ အများစု သေဆုံး

ယီမင် နိုင်ငံ၊ မြို့တော် ဆာနားမှာ ရှိတဲ့ ရဲသင်တန်းကျောင်း အနီးမှာ ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃၇ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာ ရသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရဲသင်တန်းကျောင်းကို လာရောက် အပ်နှံတဲ့ လူတွေနဲ့ ရဲအရာရှိ လောင်းတွေ နံဘေးက ကားတစ်စီး ပေါက်ကွဲ ခဲ့တာ ဖြစ်ပြီး အသေခံ ဖောက်ခွဲမှု ဖြစ်နိုင်တယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေက ဆိုပါတယ်။

တိုက်ခိုက်မှု အပြီးမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ အပျက်အစီး အပိုင်းအစတွေ လမ်းမ တလျှောက် ပြန့်ကျဲ သွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းကမှ လက်သည် ဖြစ်ကြောင်း မဖော်ပြကြ သေးပေမယ့် အလားတူ တိုက်ခိုက်မှု မျိုးကို အယ်ခိုင်ဒါ အဖွဲ့ခွဲ တစ်ခုက အရင်က ပြုလုပ်ခဲ့ ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ