နိုင်ငံတော် ဝမ်းနည်းခြင်းနေ့ ပြင်သစ် ကြေညာ

  • 8 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက် နေကြစဉ်။

ပဲရစ်မြို့က Charlie Hebdo မဂ္ဂဇင်းတိုက် ဗုဒ္ဓဟူးနေ့က ပစ်ခတ်ခံရလို့ သေဆုံး သွားခဲ့ရသူတွေ အတွက် တစ်ရက်တာ နိုင်ငံတော် ဝမ်းနည်းခြင်းနေ့ကို ပြင်သစ် အစိုးရက ကြေညာလိုက်ပြီး ဒေသအချိန် နေ့လည် မွန်းတည့်ချိန်မှာ တစ်နိုင်ငံလုံး တစ်မိနစ် ငြိမ်သက် ခဲ့ကြပါတယ်။

အဲဒီနောက် ပဲရစ်မြို့က Notre Dame ခရစ်ယာန် ဘုရားကျောင်းကြီး ကနေ စတင်ပြီး နိုင်ငံတလွှား ခရစ်ယာန် ဘုရားကျောင်းတွေက ခေါင်းလောင်းတွေ ထိုးခဲ့ကြပါတယ်။

ပြင်သစ်မှာ ရှိတဲ့ အဓိက မွတ်ဆလင် အဖွဲ့အစည်းတွေ ကတော့ မနက်ဖြန် သောကြာနေ့ ဝတ်ပြု ဆုတောင်းတဲ့ အခါ အကြမ်းဖက် ဝါဒနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရှုတ်ချကြဖို့ တရားဟော ဆရာ အာလုံးကို တိုက်တွန်း ထားပါတယ်။

ဒါပေမယ့် ဒီအတောအတွင်းမှာ မွတ်ဆလင်တွေ အပေါ် တုံ့ပြန် တိုက်ခိုက်မှုတွေ ရှိခဲ့လို့ အနည်းဆုံး ဗလီ ၂ လုံးလောက် တိုက်ခိုက် ခံခဲ့ရပါတယ်။

မနေ့က တစ်ညလုံး ထောင်သောင်းချီတဲ့ လူတွေဟာ ပြင်သစ်နိုင်ငံ တလွှား ဝမ်းနည်းမှု အထိမ်းအမှတ် အဖြစ် ဖယောင်းတိုင် မီးတွေ ထွန်းပြီး တိတ်ဆိတ် ငြိမ်သက်ခဲ့ကြပါတယ်။ အလားတူ ကမ္ဘာတလွှားက မြို့ကြီးတွေမှာလည်း အခုလို ဝမ်းနည်းခြင်း မီးတွေ ထွန်းညှိခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ