အဲအေးရှား Black box ရဲ့ အချက်ပြမှုကို ဖမ်းမိ

  • 9 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption လှိုင်းကြီးလို့ ကြာသပတေးနေ့က လေယာဉ်အမြီးပိုင်း ဆယ်ယူမှု နှောင့်နှေးခဲ့

ပြီးခဲ့တဲ့ နှစ်ပတ်က အင်ဒိုနီးရှား နိုင်ငံ အနီး ပင်လယ်ပြင်ထဲ ပျက်ကျ သွားခဲ့တဲ့ အဲအေးရှား လေယာဉ်ရဲ့ မှတ်တမ်းတင် ကိရိယာ black box က လာတာ ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အချက်ပြမှု တွေကို လေယာဉ် ရှာဖွေရေး အဖွဲ့က ရရှိခဲ့ပါတယ်။

ဖမ်းယူ ရရှိတဲ့ အချက်ပြချက် တွေဟာ ပင်လယ် ရေမျက်နှာပြင် အောက် မီတာ ၃၀ အကွာ ရွှံ့ထဲမှာ စိုက်နေတဲ့ လေယာဉ် အမြီးပိုင်း နေရာ ဝန်းကျင်ကနေ လာတာလို့လည်း ယူဆကြပါတယ်။

ဆယ်ယူရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက လေယာဉ် အမြီးပိုင်းကို ပင်လယ်ထဲကနေ ဆွဲတင်ဖို့ ကြိုးစား နေကြပါတယ်။

လူပေါင်း ၁၆၂ ယောက် လိုက်ပါလာတဲ့ အဲဒီ အဲအေးရှား လေယာဉ်ဟာ အင်ဒိုနီးရှား နိုင်ငံ ဆူရာဘာယာ မြို့ကနေ စင်ကာပူကို ပျံသန်းခဲ့စဉ် ရာသီဥတု ဆိုးရွားတဲ့ အတွက် ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ