ဓားစာခံ ဖမ်းဆီးမှု ၂ နေရာမှာ ပြင်သစ် ကြုံနေ

  • 9 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဓားစာခံ ဖမ်းထားမှု နှစ်နေရာမှာ ပြင်သစ် ကြုံနေရ

ပဲရစ်မြို့က Charlie Hebdo မဂ္ဂဇင်းတိုက်ကို ပစ်ခတ်သွားတဲ့ သေနတ်သမား နှစ်ယောက်ကို ပြင်သစ် နိုင်ငံ မြောက်ပိုင်းက Dammartin-en-Goele မြို့မှာ ရဲတွေ ဝိုင်းမိ ထားချိန်မှာပဲ ပဲရစ်မြို့ပေါ်က ဂျူး စျေးဝယ် စင်တာ တစ်ခုကို နောက်ထပ် သေနတ်သမား တစ်ယောက်က ဝင်စီးပြီး ဓားစာခံတွေကို ဖမ်းဆီး ထားပါတယ်။

ပဲရစ်မြို့ အရှေ့ပိုင်းက အဲဒီ စျေးဝယ် စင်တာ ရှိရာ ဧရိယာကို ပြင်သစ် လက်နက်ကိုင် ရဲတွေက ဝင်ရောက် ပိတ်ဆို့ ထားလိုက်ပါတယ်။

မဂ္ဂဇင်းတိုက်ကို ပစ်ခတ်သွားတဲ့ သေနတ်သမား နှစ်ယောက်ဟာလည်း ပဲရစ်မြို့ အရှေ့မြောက်ပိုင်း ၃၅ ကီလိုမီတာ ဝေးတဲ့ ဒါမာတန် မြို့မှာ ဓားစာခံ တစ်ယောက်ကို ဖမ်းဆီး ထားပါတယ်။

အဲဒီ သေနတ်သမား နှစ်ယောက်ဟာ ပုံနှိပ်လုပ်ငန်း အဆောက်အအုံ တစ်ခုမှာ ဓားစာခံနဲ့အတူ ပိတ်မိနေတာ ဖြစ်ပြီး သူတို့ အနေနဲ့ အသေခံဖို့ အသင့်ရှိတယ် ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။

နောက်ဆုံးရတဲ့ သတင်းတွေ အရ ပဲရစ် မြို့ အရှေ့ပိုင်းက ဂျူးလူမျိုး ကုန်စုံဆိုင်ကြီး တခုထဲမှာ ပစ်ခတ်မှုကြောင့် လူ ၂ ယောက် သေဆုံးပြီး ဓားစာခံ အများအပြား ပိတ်မိနေပြီးနောက် ပြန်လည် လွတ်မြောက် လာပြီလို့ သိရပါတယ်။

သောကြာနေ့ စည်ကားတဲ့ စျေးဝယ်ချိန်မို့ အမျိုးသမီးနဲ့ ကလေးတွေ ပါ ပိတ်မိနေကြလို့ အားလုံး စိတ်ပူ နေခဲ့ ကြရပါတယ်။

ဒီလို မကြုံစဖူး သေနတ် သမားတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေ ၂ ခုကြောင့် ပြင်သစ် သမ္မတ ကို အကြီးအကျယ် စိန်ခေါ် ခံနေရတာ ဖြစ်ပါတယ်။

သေနတ်သမား ၂ ယောက်ကို ဖမ်းဖို့ ကြိုးစား နေတဲ့ ဒမာတန် မြို့ ဘက် အခြေအနေလည်း အင်မတန် တည်ငြိမ် နေပြီး ဒီလို တည်ငြိမ်အောင် ရဲက ကြိုးစား ထားပုံ ရတယ်လို့ နေရာမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ