ထိုင်း ဝန်ကြီးချုပ်ဟောင်း အဂတိ စွပ်စွဲမှု ကြားနာ

  • 9 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဖယ်ရှားစရာ လက်ရှိ နိုင်ငံရေး ရာထူး မရှိတော့ကြောင်း ယင်လတ် ပြော

ထိုင်းနိုင်ငံမှာ စပါးဝယ်ယူရေး စီမံကိန်းမှာ အဂတိ လိုက်စားမှုတွေ ရှိခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး ကြားနာ စစ်ဆေးမှု ခံယူဖို့ ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ဟာ ဥပဒေပြု လွှတ်တော် ရှေ့မှောက်မှာ လာရောက် စစ်ဆေး ခံခဲ့ပါတယ်။

နိုင်ငံရေး လုပ်ခွင့် ၅ နှစ် ပိတ်ပင် ခံရနိုင်တဲ့ ဒီကြားနာ စစ်ဆေးမှုမှာ ယင်လတ် ရှင်နာဝပ်က သူ့ရဲ့ မူဝါဒ တွေနဲ့ ပတ်သက်လို့ အခိုင်အမာ ခုခံ ထွက်ဆို ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလမှာ စစ်တပ်က အာဏာ သိမ်းယူပြီး သူ့ကို ဖြုတ်ချ ခဲ့တာကြောင့် တာဝန်ရှိသူ အစိုးရ ခေါင်းဆောင်ကို တရားစွဲတယ် ဆိုတဲ့ ကိစ္စဟာ သူ့အနေနဲ့ လက်ရှိ ရာထူး မရှိတော့တဲ့အတွက် ကျိုးကြောင်း ဆီလျော်မှု မရှိတော့ကြောင်း ယင်လတ် ရှင်နာဝပ်က တရားရုံးမှာ ခုခံ ပြောဆို ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ် အစိုးရရဲ့ စပါး အပေါင်ခံတဲ့ စီမံကိန်းမှာ အဂတိ လိုက်စားမှုတွေ ရှိခဲ့တာကို တားမြစ်ဖို့ ပျက်ကွက်တဲ့ အတွက် ဒေါ်လာငွေ သန်း ထောင်ပေါင်း များစွာ ဆုံးရှုံးခဲ့ရတယ် ဆိုတဲ့ စွပ်စွဲမှုကို ထိုင်း စစ်တပ်က ရွေးချယ် ခန့်ထားတဲ့ ပါလီမန်က ကြားနာ စစ်ဆေးတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ