အဲအေးရှား လေယာဉ် ပျက် အမြီးပိုင်း ဆယ်ယူ

  • 10 ဇန်နဝါရီ 2015
indonesia ဓာတ်ပုံ မူပိုင် Reuters
Image caption ရေမြှုပ် နဲ့ လုပ်တဲ့ လှေတွေ သုံးပြီး ရေငုပ်ရှာရ

အင်ဒို နီးရှား ကမ်းလွန်မှာ ပျက်ကျ ခဲ့တဲ့ အဲအေးရှား လေယာဉ် ပျက် အမြီးပိုင်း ကို ပင်လယ် ကြမ်းပြင် ကနေ ရေငုပ် သမား တွေနဲ့ ဆယ်ယူ ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒိ လေယာဉ် အမြီးပိုင်းမှာ လေယာဉ် မှတ်တမ်းတင် ကိရိယာ တွေ မတွေ့ရှိရဘူး လို့ လည်း အင်ဒိုနီးရှား အာဏာပိုင် တွေက ပြောပါတယ် ။

အင်ဒို နီးရှား အမျိုးသား ရှာဖွေရေး အေဂျင်စီ က Bambang Supriyadi ကတော့ လေယာဉ်စီး ခရီးသည် အများစု ရဲ့ ရုပ်အလောင်း တွေ ပိတ်မိ နေတာ လေယာဉ် ကိုယ်ထည်ပိုင်း မှာ ဖြစ်လို့ စောင့်ဆိုင်း နေကြတဲ့ မိသားစုတွေ အတွက် သူတို့ ရုပ်ကလာပ် တွေ ကို ပြန်ရဖို့ အရေးကြီး ပါတယ် လို့ ပြောကြား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်က အင်ဒိုနီးရှား နိုင်ငံ ဆူရာဘားယား ကနေ စင်္ကာပူ ကို လူ ၁၆၂ ယောက် တင်ဆောင် သွားတဲ့ အဲအေးရှား လေယာဉ် ဟာ ရာသီဥတု ဆိုးရွားမှု ကြောင့် ပျက်ကျ ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ