မိုင်​ဒူ​ဂူ​ရီ မြို့​လည်​စျေး​မှာ ဗုံး​ကွဲ

  • 10 ဇန်နဝါရီ 2015
_nigeria_bomb_blast ဓာတ်ပုံ မူပိုင် AP
Image caption ဘိုကိုဟာရမ် အဖွဲ့ဟာ အခု သီတင်းပတ် တွေ ထဲမှာ ဗုံးခွဲမှု တွေ ပစ်ခတ်မှု တွေ တိုးမြှင့် လုပ်ဆောင် နေ။

နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း က လာတဲ့ သတင်းတွေ အရ မိုင်ဒူဂူရီ မြို့လည်က လူစည်ကားရာ စျေးမှာ ၁၀ နှစ် အရွယ် မိန်းကလေးငယ် နဲ့ တွဲချည် ထားတဲ့ ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့ပါတယ်။

ဒီ ပေါက်ကွဲ မှုကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံး သွားတယ် လို့ ရဲတွေ က ပြောပါတယ်။

အခု သီတင်းပတ် တွေ ထဲမှာ ဗုံးခွဲမှု တွေ ပစ်ခတ်မှု တွေ တိုးမြှင့် လုပ်ဆောင် လာကြတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ် အဖွဲ့ရဲ့ လက်ချက်ပဲ ဖြစ် နိုင်တယ် ဆိုပြီး ယူဆ နေကြကြောင်း ဘီဘီစီ သတင်းထောက် က ဆိုပါ တယ်။

ဒေသတွင်း က နောက်ထပ် တစ်မြို့ ဖြစ်တဲ့ ဘာဂါ မြို့တော့ ဘိုကိုဟာရမ် တွေရဲ့ ထိန်းချူပ်မှု အောက် ကျရောက် သွားပြီး၊ လူတွေ ရာနဲ့ချီ အသတ် ခံနေရတယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ် နေတဲ့ အတွက် အဲဒီ့ ဒေသ ကနေ ထွက်ပြေး ခဲ့ကြသူ တွေ သောင်းနဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ