ပြင်သစ် လုံခြုံရေး ဆက်ပြီး တင်းကျပ်ထား

Cazeneuve ဓာတ်ပုံ မူပိုင် AFP
Image caption ပြင်သစ် ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve

ပြင်သစ် နိုင်ငံ ကာကွယ်ရေး အတွက် ပါရီ မြို့နဲ့ အနီး တဝိုက်မှာ အမြင့်ဆုံး အဆင့် တပ်လှန့်မှု ဆက်ထားမယ်လို့ အစိုးရ အရေးပေါ် အစည်းအဝေး အပြီးမှာ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve က ပြောကြား လိုက် ပါတယ်။

နိုင်ငံ ကာကွယ်ရေး အတွက် လိုအပ်တဲ့ စီမံ ဆောင်ရွက်မှု တွေ လုပ်ထားပါတယ် လို့ မစ္စတာ Cazeneuve က ပြောပါတယ်။

၃ ရက်ကြာ အကြမ်းဖက် တိုက်ခိုက်မှု တွေ အပြီး ပါရီ မြို့တော်မှာ လူ ၁၇ ယောက် သေဆုံးခဲ့ရ တာ ဖြစ်ပါတယ်။

ရဲနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို ကူညီဖို့ တပ်အင်အား ၃ဝဝ ကိုလည်း တပ်စွဲ ထားလိုက်ပါတယ်။

မနက်ဖန် ပါရီမှာ ကျင်းပမယ့် ပြင်သစ် သမ္မတနဲ့ အတူ တခြား ဥရောပ ခေါင်းဆောင် တွေ တက်ရောက်ကြမယ့် ညီညွတ်ရေး လမ်းလျှောက်ပွဲ မှာလည်း လုံခြုံရေး တင်းကျပ် ထားမယ် လို့ သူက ကတိပေး ပါတယ်။

မနေ့က ရဲ နှိမ်နင်းမှုကြောင့် သေဆုံးသွားကြတဲ့ အစ္စလာမ္မစ် သေနတ် သမား တွေရဲ့ ကြံရာပါ တွေကို ပြင်သစ် ရဲက ဆက်ပြီး ရှာဖွေ နေပါတယ်။

ဂျူး ကုန်စုံဆိုင် ထဲမှာ ရဲ ပစ်သတ်လို့ သေဆုံးတဲ့ သေနတ်သမား အမဒီး ကူလီ ဘာလီး ရဲ့ ရည်းစား အာယတ် ဘူမာဒီယန်း ကိုလည်း ဆက်လက် ရှာ ဖွေ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ