အစ္စလာမ် အစွန်းရောက် ဆန့်ကျင်ရေး ပြင်သစ် ချီတက်ပွဲ

  • 11 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ကမ္ဘာ့ ခေါင်းဆောင် အများ အပြားလည်း ဒီ ချီတက် ပွဲမှာ ပူးပေါင်း ပါဝင်ကြ

ပြင်သစ် နိုင်ငံမှာ အစ္စလာမ် အစွန်းရောက် တွေကြောင့် လူ ၁၇ ဦး သေဆုံး ခဲ့ရ တာကို ကန့်ကွက် ဆန့်ကျင်တဲ့ ပဲရစ်မြို့ ချီတက်ပွဲ မှာ လူပေါင်း ၁ သန်း နီးပါး ပါဝင် ခဲ့ကြ ပါတယ်။

ဒါဇင်နဲ့ ချီတဲ့ ကမ္ဘာ့ ခေါင်းဆောင် အများ အပြားလည်း ဒီချီတက် ပွဲမှာ ပူးပေါင်း ပါဝင်ကြ ပါတယ်။

အာဏာပိုင် တွေ ကနေ လုံခြုံရေး အင်အားကို မကြုံ စဖူး အများ အပြား ချထား လိုက် ပါတယ်။ ထောင်နဲ့ ချီတဲ့ ရဲနဲ့ စစ်သား တွေကို ထပ်ပြီး တာဝန် ချထား လိုက်ကာ၊ လက်ရွေးစင် အထူး တပ်သား တွေနဲ့ ခေါင်းမို ပေါ်တွေ မှာလည်း လက်ဖြောင့် တပ်သား တွေ နေရာယူ ထားကြ ပါတယ်။

ချာလီ အက်ဘ်ဒို သရော်စာ မဂ္ဂဇင်းကို တိုက်ခိုက် ခဲ့မှုနဲ့ အတူ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က ပြင်သစ် နိုင်ငံ မှာ အကြမ်းဖက် မှုတွေ စတင် ဖြစ်ပွား ခဲ့တာ ဖြစ်ပါ တယ်။

သောကြာနေ့ ကတော့ လုံခြုံရေး တပ်ဖွဲ့တွေ ကနေ အကြမ်းဖက် သမားတွေ ရှိတဲ့ နေရာ ၂ ခု စလုံးကို တချိန်တည်း ပစ်ခတ် ဝင်စီး ခဲ့ပြီး အကြမ်းဖက်မှု အဆုံး သတ် စေခဲ့ ပါတယ်။

အဲဒီတုန်းက ပြင်သစ် ရဲမေ တဦးကို ပစ်သတ် တာရယ်၊ နောက် ဂျူး စူပါ မားကက် ကို ဝင်စီးတဲ့ သေနတ် သမားက သူဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ဝင် ဖြစ်တယ် ဆိုတဲ့ အွန်လိုင်း ဗီဒီယိုလည်း ထွက်လာ ခဲ့ပါတယ်။

နောက်ပြီး သူဟာ ချာလီ အက်ဒို မဂ္ဂဇင်းကို တိုက်ခိုက် ခဲ့တဲ့ သေနတ် သမား ၂ ဦး နဲ့လည်း အတူ ပူးပေါင်း ဆောင်ရွက် ခဲ့တာ လို့ အဲဒီ ဗီဒီယို ထဲမှာ ပြောကြား ထား ပါတယ်။

ရဲက ဝင်စီးစဉ် မှာတော့ အဲဒီ သေနတ် သမားလည်း သေဆုံးသွား ခဲ့ပါတယ်။

ဂျာမာနီ မှာလည်း တိုက်ခိုက် ခံရ

ဓာတ်ပုံ မူပိုင် EPA
Image caption အောက်ဆုံးဖက် အထပ် တွေက အခန်း ၂ ခန်း ထိခိုက် ပျက်ဆီး မှု ရှိခဲ့

ဂျာမဏီ နိုင်ငံ မြောက်ပိုင်း ဟန်းဘာ့ခ် မြို့က မော်ဂန် ပို့စ်တ် သတင်းစာ ကနေ ပြင်သစ် သရော်စာ ချာလီ အက်ဒို မဂ္ဂဇင်းရဲ့ အစ္စလာမ်ကို သရော် တဲ့ ကာတွန်း တွေကို ပြန်လည် ဖေါ်ပြ ခဲ့ရာ အဲဒီ သတင်းစာ တိုက်ကို တနင်္ဂနွေ မနက် အစောပိုင်းက ခဲတွေ မီးလောင် စေတဲ့ ပစ္စည်း တွေနဲ့ ပစ်ခတ် တိုက်မှုတွေ ရှိ ခဲ့တယ်လို့ သတင်းစာ တိုက် ပြောခွင့် ရသူ အမျိုး သမီးက ပြောပါ တယ်။

အခုတော့ အဲဒီ မီးရှို့ တိုက်ခိုက်မှု လုပ်ဆောင် ခဲ့သူလို့ သံသယ ရှိသူ အမျိုးသား ၂ ဦးကို ရဲက ဖမ်းဆီး လိုက်ပါပြီ။

အခုလို တိုက်ခိုက် မှုကြောင့် သတင်းစာ တိုက်ရဲ့ အောက်ဆုံးဖက် အထပ် တွေက အခန်း ၂ ခန်း ထိခိုက် ပျက်ဆီးမှု ရှိခဲ့ပြီး မီးကို တော့ အလျင် အမြန် ငြှိမ်းသတ် နိုင်ခဲ့ ပါတယ်။ ထိခိုက် ဒဏ်ရာ ရမှုတော့ မရှိပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ