ပို​လန်​နွယ်​ဖွား ယူ​က​ရိန်း​နိုင်ငံသား တွေ​ကို ပို​လန်​က ခေါ်ယူ

  • 11 ဇန်နဝါရီ 2015
_ukraine_poland_border_sign ဓာတ်ပုံ မူပိုင် RIA Novosti
Image caption ပိုလန် နွယ်ဖွား ၁၆၂ ဦးကို ပဋိပက္ခ ဖြစ်ပေါ် နေရာ ဒွန်းညက်စ် ဒေသ ကနေ ခေါ်ထုတ် ခဲ့တယ် လို့ ပိုလန် နိုင်ငံခြားရေး ဌာနက ဆိုပါ တယ်။

ပြည်တွင်းစစ်မီး တငွေ့ငွေ့ လောင်နေတဲ့ ယူကရိန်း အရှေ့ဘက်ခြမ်း မှာ နေထိုင်ကြတဲ့ ပိုလန် နွယ်ဖွား ယူကရိန်း နိုင်ငံသား ၂၀၀ နီးပါးကို ပိုလန်နိုင်ငံက ခေါ်ယူ လိုက်ပါတယ်။

ကလေး သူငယ်တွေ နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး အပါအဝင် ပိုလန် နွယ်ဖွား ၁၆၂ ဦးကို ပဋိပက္ခ ဖြစ်ပေါ်နေရာ ဒွန်းညက်စ် ဒေသ ကနေ ခေါ်ထုတ် ခဲ့တယ် လို့ ပိုလန် နိုင်ငံခြားရေး ဌာန က ဆိုပါတယ်။

အခုလို လုပ်ဆောင်ဖို့ လပေါင်း များစွာ ကြိုတင် စီစဉ်ခဲ့ပြီး၊ ထိုသူတွေဟာ ယူကရိန်း အရှေ့မြောက်ပိုင်း က ခါးကိဗ် မြို့မှာ တရားဝင် စာရွက်စာတမ်း ကိစ္စတွေ ပြီးရင် ပိုလန် နိုင်ငံ အတွင်း ဘဝသစ် ထူထောင် စေမယ် လို့လည်း ပြောပါတယ်။ နောက်ထပ် အယောက် ၂၀ လည်း လိုက်ပါ လာလိမ့်မယ် လို့ မျှော်လင့် ရပါတယ်။

ထိုသူတွေ ကို ပိုလန်နိုင်ငံ အတွင်း ၆ လစာ နေအိမ်၊ ဘာသာစကား သင်တန်းတွေ နဲ့ ကလေး တွေ အတွက် ပညာရေး တွေကို ပိုလန် အစိုးရ က တာဝန်ယူမှာ ဖြစ်ပြီး ဒီ့နောက်မှာ တော့ သူတို့ သဘော အတိုင်း ပိုလန် နိုင်ငံထဲ ဆက်လက် နေထိုင် နိုင်သလို ယူကရိန်းကို ပြန်လိုသူ တွေ ရှိရင်လည်း ပြန်နိုင်ကြောင်း ပိုလန် တာဝန် ရှိသူတွေ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ